DVB Logo
Home
မြန်မာသတင်း
တိုက်လေယာဉ်များ တပ်တော်ဝင်အခမ်းအနား၌ စစ်ရေးပြပျံသန်းစဉ်(ဓာတ်ပုံ)
DVB
·
December 16, 2016
တိုက်လေယာဉ်များ တပ်တော်ဝင်အခမ်းအနား၌ စစ်ရေးပြပျံသန်းစဉ်(ဓာတ်ပုံ)
1 / 8
Donate to DVB

မြန်မာတပ်မတော် (လေ)ရဲ့ ၆၉နှစ်မြောက်နှစ်ပတ်လည်နေ့နဲ့  အသစ်ဝယ်ယူ အင်အားဖြည့် တင်းထားတဲ့ စစ်လေယာဉ်/ရဟတ်ယာဉ်တွေ တပ်တော်ဝင်အခမ်းအနားကို မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်း ဌာနချုပ်မှာ မနေ့ကကျင်းပပါတယ်။

အခမ်းအနားမှာ Beech 1900 D အမျိုးအစား စစ်လေယာဉ် ၄ စီးနဲ့  EC 120 B ရဟတ်ယာဉ် ၄ စီးတို့ အပါအ၀င် လေယာဉ်အမျိုးအစား ၆ မျိုး စုစုပေါင်းလေယာဉ် ၅၅ စီး၊ ရဟတ်ယာဉ်အမျိုးအစား ၄ မျိုး၊ စုစုပေါင်းရဟတ်ယာဉ် ၁၄ စီးတို့ကို တပ်မတော်(လေ) ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သာလွန်တဲ့ လေကြောင်းစွမ်းအား ရရှိရေးအတွက် ခေတ်မီလေတပ်မတော်ကို တည်ထောင်ရမှာဖြစ်ပြီး တပ်မတော်(လေ)ရဲ့ လေကြောင်းစွမ်းပကား မြှင့်တင်ရေးအတွက် ခေတ်မီနည်းပညာသုံး လေယာဉ်/ရဟတ်ယာဉ်တွေ စက်ပစ္စည်း၊ လက်နက်ကိရိယာတွေ ဖြည့်တင်း တပ်ဆင်ရေးနဲ့အတူ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းလုပ်ဆောင်သွားရမယ်လို့ ပြောပါတယ်။

အခမ်းအနားမှာ စစ်လေယာဉ်နဲ့  ရဟတ်ယာဉ်တွေက  သရုပ်ပြအုပ်ဖွဲ့ပျံသန်း အလေးပြုတာနဲ့ ကျွမ်းထိုးသရုပ်ပြပျံသန်းတာတွေပြုလုပ်ပြီး စစ်ရေးပြသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013