DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် မြေစာပုံပြို၊ ၂ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ
DVB
·
December 16, 2016
ဖားကန့်တွင် မြေစာပုံပြို၊  ၂ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စုထဲမှာ မြေစာပုံပြိုကျမှု ထပ်မံဖြစ်ပွားပြီး ရေမဆေးကျောက်ရှာသူ  ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိသွားပါတယ်။

နေကြာရတနာနဲ့ အဂ္ဂရတနာ ကျောက်မျက်ကုမ္ပဏီလုပ်ကွက်ကြားက မောက်တောင်လို့ခေါ်တဲ့ မြေစာပုံကြီးဟာ ဒီဇင်ဘာ ၁၂ ရက် ည ၇ နာရီဝန်းကျင်က ပြိုကျသွားတာကြောင့် ထိခိုက်ဒဏ်ရာရခဲ့တာလို့  ဆိတ်မူအုပ်စု အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးရွှေသိန်းက ဒီဗွီဘီကို ပြောပါတယ်။

“ညဘက်မှာ ရေမဆေးကျောက်ရှာရင်းနဲ့ မြေစာပုံပြိုကျတာ၊  ၂ ယောက်သေပြီး ၁ ယောက်က ဒဏ်ရာရတယ်။ သေဆုံးသူတွေက မောင်သန်းကိုဦး အသက် ၂၀၊  မန္တလေးတိုင်း တန့်ဆည်မြို့နယ် ကံထုမရွာက၊ သူက အဲဒီဖြစ်တဲ့နေရာမှာပဲ ဆုံးတယ်။ နောက်တယောက်က အောင်ကိုသက် အသက် ၁၈ နှစ် ဖားကန့် ဝေခါရပ်ကွက် ၂ က၊ သူကတော့ ဆေးရုံပို့ရင်းနဲ့ လမ်းမှာဆုံးသွားတယ်။ နောက်  ဒဏ်ရာရတာက သန်းစိုးအောင် ၂၇ နှစ်ပေါ့၊ သူက ဖားကန့်ဆေးရုံမှာ။”

ဒါ့အပြင် ၁၃ ရက်နေ့ကလည်း လုံးခင်းကျေးရွာအုပ်စုဘက်မှာ မြေစာပုံပြိုကျမှု ဖြစ်တယ်လို့ သတင်းကြားရပေမယ့် အလှမ်းဝေးတော့ သေချာမသိရဘူးလို့ သူက ဆက်ပြောပါတယ်။

ဖားကန့်ဒေသမှာ သွားရောက်လုပ်ကိုင်နေတဲ့ ကိုဇော်မိုးထက်ကတော့ လုံးခင်းအုပ်စု ဆန်ခါကျေးရွာက ကုမ္ပဏီလုပ်ကွက်တခုမှာ ဒီဇင်ဘာ ၁၃ ရက် နေ့ခင်းပိုင်းက မြေစာပုံပြိုကျပြီး လူ ၄ ဦး သေဆုံးတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဖားကန့်မြို့နယ်ရုံး၊ ရဲစခန်းနဲ့ ဆေးရုံတွေဆီကတော့ အတည်ပြုချက် မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013