DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်တွင် မီးလောင်မှုကြောင့် လူ ၂ ဦး သေဆုံး
DVB
·
December 15, 2016
ဘူးသီးတောင်တွင် မီးလောင်မှုကြောင့် လူ ၂ ဦး သေဆုံး
1 / 3
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ဘင်္ဂလီကျေးရွာမှာ မီးလောင်မှုကြောင့် လူ ၂ ဦး သေဆုံးပြီး နေအိမ် ၈ လုံးနဲ့ ဆိုင်ခန်း ၉ ခန်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဒီနေ့မနက်အစောပိုင်း ၂ နာရီကျော်က ကော်ဘီအာမောက်ရဲ့ နေအိမ်မှာ မီးပွားမီးကျန်မှတဆင့် ကူးစက်လောင်ကျွမ်းခဲ့တာလို့ နယ်မြေ (၁၀) တောင်ဘဇားနယ်ခြားစောင့်စခန်းမှ စခန်းမှူး ထွန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ကော်ဘီအာမောက်ဆိုတဲ့အိမ်ကနေ စလောင်တာပါ။ မီးပွားမီး ကျန်ကနေစလောင်တာပါ။ ထရံအဟောင်းကနေ လောင်ပြီးတော့ ခေါင်မိုးကိုလောင်းတယ်။ နောက်ပြီးတော့ အိမ်နီးနားချင်းက အိမ်တွေထပ်လောင်တာပေါ့လေ။ မီးကအရမ်းပြင်းတယ်။ ကလေးနှစ်ယောက်ကို သွားကယ်ဖို့ လုပ်တော့ မီးမကူးတဲ့ဘက်ကိုမလာဘဲနဲ့ မီးလောင်နေတဲ့ဘက်ကို ထွက်ပြေးတယ်။ ကလေးနှစ်ဦးကလည်း စိတ်မနှံဘူး။ အဲ့ဒီမှာ ကလေးနှစ်ယောက်က မီးထဲပါသွားတယ်။ တစ်ယောက် အသက် ၂၃၊ နောက်တစ်ယောက်က ၁၂ နှစ်အရွယ်ပေါ့လေ။ အိမ်က ၈ လုံး ပါသွားပါတယ်။ ဆိုင်းခန်းအသေးလည်း ၉ ခန်းပါသွားပါတယ်။”

မီးလောင်ကျွမ်းပြီးနောက် ထွက်ပြေးသွားခဲ့တဲ့ အိမ်ရှင် ကော်ဘီအောက်မောက်ဟာ ဒီနေ့မနက်က လာရောက် အဖမ်းခံခဲ့တယ်လို့ စခန်းမှူးက ဆိုပါတယ်။

“ထွက်ပြေးနေတဲ့ တရားခံက လာရောက်ပြီးတော့ ဒီမနက်မှာ အဖမ်းခံပါတယ်။ မနေ့က မီးစမီးပွားကျန်ခဲ့တယ် ဆိုတာ သတိတော့ ထားမိတယ်လို့ သူက ပြောပါတယ်။ မိန်းမကိုလည်း သေချာမှာမထားဘူးလို့ ပြောတယ်။ သူကတော့ ဘာမှစောဒက တက်တာမရှိဘူး။ ကျနော်တို့ ကော်ဘီအာမောက်ကို ပေါ့ဆမီးသုံးတဲ့အတွက် ပုဒ်မ၂၈၅ ရယ်၊ ပြီးတော့ သူ့သား နှစ်ယောက် သေဆုံးသွားတဲ့အတွက် ပုဒ်မ ၃၀၄ -က နဲ့ အရေးယူထားပါတယ်။”

မီးလောင်သွားတဲ့နေအိမ်တွေကို တာဝန်ရှိတဲ့သူတွေ လာရောက်ကြည့် ရှုခဲ့နောက် လက်တလော နေထိုင်စားသောက်ရေးကို စီစဉ်ဆောင်ရွက်နေတယ်လို့ စခန်းမှူးက ပြောပါတယ်။

15442261_341298429559504_554971175691218342_n ကော်ဘီအာမောက် အသက် (၄၄) နှစ်ကို နယ်မြေ (၁၀) တောင်ဘဇားနယ်ခြား စောင့်စခန်းမှ မီးပေါ့ဆစွာသုံးစွဲမှု ပုဒ်မ ၂၈၅ နဲ့ လူသေမှုပုဒ်မ ၃၀၄-က တို့နဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ စခန်းမှူးက ပြောပါတယ်။

သတင်း-၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013