DVB Logo
Home
မြန်မာသတင်း
ထိုင်းမှ တရားမ၀င်တင်သွင်းသည့် ကုန်ပစ္စည်းများ ဖျက်ဆီး (ရုပ်သံ)
DVB
·
December 15, 2016
ထိုင်းမှ တရားမ၀င်တင်သွင်းသည့် ကုန်ပစ္စည်းများ ဖျက်ဆီး (ရုပ်သံ)
Donate to DVB

အိမ်နီးချင်း ထိုင်းနိုင်ငံကနေ တရားမ၀င်တင်သွင်းလာတဲ့ ကျပ်သိန်း ၁၅၀ ကျော်တန်ဖိုးရှိ ကုန်ပစ္စည်းတွေကို နယ်စပ် မြ၀တီမြို့နယ် အခွန်ဦးစီးဌာနရုံးအတွင်းမှာ ဒီကနေ့ ဖျက်ဆီးလိုက်ပါတယ်။

အဆိုပါပစ္စည်းတွေဟာ ၂၀၁၅-၁၆ ခုနှစ်အတွင်း ဖမ်းဆီးရမိတာဖြစ်ပြီး အများစုက ဘီယာ၊ အရက် နဲ့ ဆေးဝါးတချို့ ပါဝင်တယ်လို့ မြ၀တီမြို့နယ်အကောက်ခွန်ဦးစီးဌာနအရာရှိ  ဦးခင်မောင်ထွန်းက ပြောပါတယ်။

“တရားမ၀င်ကုန်ပစ္စည်းတွေ တွေ့ရှိမယ်ဆိုလို့ရှိရင်တော့ ဖမ်းရပါတယ်။  ဖျက်ဆီးတဲ့ အနေအထားကတော့ တရားမ၀င် ဘီယာဖြစ်ပါတယ်။ ဒီဘီယာဆိုတာက ကန့်သတ်ကုန်ပစ္စည်းဖြစ်ပါတယ်။ ကုန့်သတ်ကုန်ပစ္စည်းဖြစ်တဲ့အတွက် ကျနော်တို့က လိုင်စင်လည်း မပေးပါဘူး။ တရားဝင် တင်သွင်းလို့လည်း မရပါဘူး။ မရတဲ့အတွက်ကြောင့် ဖမ်းဆီးရမိတယ်။ ဖမ်းဆီးရမိတာကို အထက်ကိုခွင့်တောင်းပြီး ကျနော်တို့ ဖျက်ဆီးရခြင်းဖြစ်ပါတယ်။”

ဖျက်ဆီးလိုက်တဲ ပစ္စည်းတွေအများစုဟာ ထိုင်းနိုင်ငံထုတ် လီယိုဘီယာ၊ ဘီယာချမ်းနဲ့ တခြား အမျိုးသမီးအားတိုးဆေးတွေ၊ အရိုးအားတိုးဆေးတွေပါဝင်ပါတယ်။

တရားမ၀င်တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေထဲက စားသုံးဖို့မသင့်တဲ့ ကုန်တွေကို ဖျက်ဆီးပြီး စားသုံးသင့်တဲ့ ကုန်ပစ္စည်းတွေကိုတော့ နယ်မြေခံပြည်သူတွေအတွက် လေလံစနစ်နဲ့ ပြန်လည်ရောင်းချပေးလေ့ရှိပါတယ်။

ထိုင်း-မြန်မာနယ်စပ်တွေထဲက ကုန်တင်သွင်းမှု အများဆုံးဖြစ်တဲ့ မဲဆောက်-မြ၀တီနယ်စပ်မှာ လက်ရှိမြန်မာပြည်ဘက်ကတင်ပို့တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြုတို့ကို တရားဝင်နိုင်ငံဖြတ်ကျော် တင်ပို့ခွင့်ပြုထားပြီး ထိုင်းဘက်ကတော့ သကြားတွေအများဆုံးတင်သွင်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013