DVB Logo
Home
မြန်မာသတင်း
သိန္နီမြို့နယ်တွင် မိုင်းပေါက်ကွဲ၊ တပ်မတော်အရာရှိအပါဝင် ၂ ဦးသေဆုံး
DVB
·
December 15, 2016
သိန္နီမြို့နယ်တွင် မိုင်းပေါက်ကွဲ၊ တပ်မတော်အရာရှိအပါဝင် ၂ ဦးသေဆုံး
1 / 11
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် သိန္နီမြို့နယ်ထဲမှာ မနေ့ ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး တပ်မတော်အရာရှိတဦးအပါအ၀င် လူ ၂ ဦး သေဆုံးသွားပါတယ်။

ဒီဇင်ဘာလ ၁၄ ရက် ညနေ ၆ နာရီကျော်လောက်က  သိန္နီမြို့နယ် စံလောင်း နဲ့ နားဆော့ကျေးရွာကြား လားရှိုး - သိန္နီသွား လမ်းမကြီးပေါ်မှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းရရှိတဲ့အတွက် တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးကြည့်ရှုခဲ့တယ်လို့ သိန္နီမြို့နယ်ရဲတပ်ဖွဲ့မှ နယ်ထိန်းရဲအုပ် - မောင်ပုက ဒီဗွီဘီကို ပြောပါတယ်။

“နေရာက စံလောင်းနဲ့ နားဆော့ရွာကြား၊ နားဆော့ကျေးရွာအုပ်စုထဲမှာပေါ့နော်၊ မိုင်းပေါက်ကွဲတာ၊ သောင်းကျန်းသူတွေထောင်ထားတဲ့မိုင်းဗျ၊ ကားလမ်းဘေးမှာပေါက်တာ။ မူဆယ်ကနေ မန္တလေးကို ဆင်းလာတဲ့ ကားသမားတစ်ယောက် သူကမှန်ချပြီး ကားမောင်းတော့ မိုင်းပေါက်ကွဲမှုကနေ လွင့် လာတဲ့ ဘောစိတွေ  ခေါင်းမှာထိသွားပြီး ကားထဲမှာပဲ ဆုံးသွားပါတယ်၊ နောက်တယောက်ကတော့ လားရှိုးကနေ သိန္နီဘက်ကို ဆိုင်ကယ်နဲ့ လာတဲ့ လူ၊ မိုင်းစက ခေါင်းတွေမှာရော၊ ခြေထောက်မှာရော၊ ဗိုက်တွေမှာရော ထိမိပြီး အဲဒီအခင်းဖြစ်တဲ့နေရာမှာပဲ ဆုံးသွားပါတယ်။”

သေဆုံးသူ ၂ ဦးအနက် ဆိုင်ကယ်စီးပြီးလာသူမှာ ခလရ ၂၄၀ မှ တပ်ထောက်ဗိုလ်ကြီး စိုးသူထွန်း ဖြစ်ပြီး လားရှိုးမှာ ရုံးလုပ်ငန်းတွေဆောင်ရွက်ပြီးစီးလို့  သိန္နီတပ်ရင်းကို တဦးတည်းဆိုင်ကယ်စီးပြီး အပြန် ခုလို မိုင်းထိမိတာလို့ ဆိုပါတယ်။

နောက်တဦးမှာ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန်မှာနထိုင်တဲ့ ယာဉ်မောင်းသမား ကိုနိုင်ထွန်း (အသက် ၃၁ နှစ်) တို့ ဖြစ်ကြောင်း၊ သေဆုံးသူ ၂ ဦးရဲ့အလောင်းကို သိန္နီမြို့နယ်ပြည်သူ့ဆေးရုံကို  ပို့ဆောင်ပေးခဲ့တယ်လို့ ရဲအုပ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013