
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ အနောက်မြို့ပတ်လမ်းဈေး ရေမြောင်းအတွင်း ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀နာရီအချိန်က အသက် ၄၅ နှစ်အရွယ်အမျိုးသားတဦးရဲ့ ပုပ်ပွနေတဲ့ အလောင်းတလောင်းတွေ့ရှိကြောင်း တိုက်ကြီးမြို့နယ်ရဲစခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကိုပြောပါတယ်။
အဆိုပါသေဆုံးနေသူဟာ အရက်အလွန်အကျွံသောက်စားလေ့ရှိတဲ့ ဦးတင်ငွေ(ခ)ဂျင်နကူး အသက် ၄၅ နှစ် ဖြစ်ပြီး ရေနစ်သေဆုံးတာ ၃ ရက်လောက်ရှိပြီလို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ပြောကြားချက်အရသိရပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး တိုက်ကြီးမြို့နယ်ရဲစခန်းက သေမှုသေခင်းဖွင့်ထားကာ ဓမ္မတာ အတိုင်းသေဆုံးတာ ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နေပါတယ်။
သတင်း-မေသွယ်











