DVB Logo
Home
မြန်မာသတင်း
ကမာ့္ဘရွှေဈေး ကျဆင်းနေသော်လည်း ပြည်တွင်းရွှေဈေး မကျဘဲ အရောင်းပါး
DVB
·
December 14, 2016
ကမာ့္ဘရွှေဈေး ကျဆင်းနေသော်လည်း ပြည်တွင်းရွှေဈေး မကျဘဲ အရောင်းပါး
Donate to DVB

ကမ္ဘာ့ရွှေဈေး ကျဆင်းနေပေမယ့် ပြည်တွင်းမှာ ဒေါ်လာဈေးက စံချိန်တင် မြင့်တက်နေတာကြောင့် ပြည်တွင်းရွှေဈေးမကျဘဲ အရောင်းပါးနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

ပြည်တွင်းရွှေဈေးက အကယ်ဒမီရွှေ ၁ ကျပ်သားကို ၈၅၇,၀၀၀ နဲ့ ဒီနေ့ဈေးကွက်ပေါက်ဈေး ရှိနေပါတယ်။

ကမ္ဘာ့ရွှေဈေးက ၁ အောင်စကို ဒေါ်လာ ၁၁၆၀ ဝန်းကျင်နဲ့ ဈေးကျနေပေမယ့် ပြည်တွင်းဒေါ်လာဈေး ကောင်းနေတာကြောင့် ပြည်တွင်းရွှေဈေး မကျတာပါ။

“ဒေါ်လာဈေးကတော့ တရိပ်ရိပ်တက်နေတာပဲ။ နည်းနည်းလေးပြန်ကျသွားလိုက်၊ တက်လာလိုက်ပေါ့နော်။ အစိုးရကလည်း ဂျာနယ်တွေမှာ ဖတ်ရသလိုပဲ ပြန်ကျအောင် ကြိုးစားနေတာပဲ။ ခုထိတော့ မကျသေးဘူးပေါ့။ သူတို့လုပ်လိုက်လို့ တကယ်ပြန်ကျသွားမယ်ဆိုရင်တော့ ကောင်းပါတယ်။ ရွှေဈေးတွေလည်း ကျသွားမှာပေါ့” လို့ တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ကိုဇော်အောင်က ပြောပါတယ်။

ကားမူဝါဒသစ်ကို အစိုးရက ထုတ်ပြန်ခဲ့တာကြောင့် နောက်နှစ်ထဲမှာ ဂျပန် တပတ်ရစ်ကားတွေ တင်သွင်းဖို့ ခက်ခဲနိုင်တဲ့အတွက် အခုနှစ်ထဲမှာ လက်ကျန် ဖရီးပါမစ်နဲ့ ကားတွေ တင်သွင်းနေတာကြောင့် ဈေးကွက်ထဲမှာ ဒေါ်လာလိုအပ်ချက် မြင့်တက်နေတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

“အိတ်စ်ပို့၊ အင်ပို့ လုပ်တဲ့နေရာမှာ Exchange Rate က တည်ငြိမ်မှကောင်းတယ်။ Stable ဖြစ်တဲ့ Exchange Rate ပဲ။ တတန်းတည်းဖြစ်နေတာ မဟုတ်ဘူးနော်။ တည်ငြိမ်ရမယ်။ အတက်အကျ နည်းရမယ်။ နည်းလေ ကောင်းလေပဲ။ ဘာလို့လဲဆိုတော့ Exporter, Importer က Predict လုပ်နိုင်ရမယ်။ ကိုယ့်ပစ္စည်းကို ရောင်းလိုက်မယ်၊ တလကြာမှ ငွေရမယ်ဆိုရင် ဒီငွေဟာလည်း ကိုယ်ခန့်မှန်းထားတဲ့ Amount အတိုင်းပဲ ဖြစ်ရမယ်။ အဲဒီလို Predict လုပ်နိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် တည်ငြိမ်အောင် အန်ကယ်တို့က ဆောင်ရွက်ရမယ်” လို့ စီးပွားရေးပညာရှင် ဦးစံသိန်းက ပြောပါတယ်။

ဒီဇင်ဘာလကုန်လောက်အထိ ဒေါ်လာဈေး ကောင်းနေနိုင်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်နေပါတယ်။

လတ်တလောမှာ ပြင်ပဒေါ်လာဈေးဟာ ၁ ဒေါ်လာကို မြန်မာငွေ ၁၃၈၀ ကျပ်ဝန်းကျင် ရောက်ရှိနေပြီးတော့ ဗဟိုဘဏ်ရဲ့ ပေါက်ဈေးကတော့ ၁၃၃၀ ကျပ်ပဲ ရှိပါတယ်။

ဒေါ်လာဈေး မြင့်တက်နေတာကြောင့် ရွှေဈေးအပြင် စက်သုံးဆီဈေး စတဲ့ ဒေါ်လာနဲ့ဝယ်ရတဲ့ သွင်းကုန်တွေလည်း ဈေးတက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ကမာ့္ဘရွှေဈေး ကျဆင်းနေသော်လည်း ပြည်တွင်းရွှေဈေး မကျဘဲ အရောင်းပါး