DVB Logo
Home
မြန်မာသတင်း
နှစ်သစ်တွင် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပေးရန် မေတ္တာရပ်ခံ
DVB
·
December 14, 2016
နှစ်သစ်တွင် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပေးရန် မေတ္တာရပ်ခံ
Donate to DVB

လာမယ့်နှစ်သစ်မှာ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံက ဝိုင်းဝန်းဆုတောင်းပေးဖို့ ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် ကာဒီနယ် ချားလ်စ်ဘိုက  တိုက်တွန်းပန်ကြားလိုက်ပါတယ်။

၂၀၁၇ နှစ်သစ်ကို အမှန်တကယ် ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်စေဖို့ ဘာသာတရားအားလုံး၊ လူမျိုးအားလုံး ဇန်နဝါရီ ၁ ရက်နေ့မှာ ဆုတောင်းတဲ့နေ့အဖြစ် သတ်မှတ်လုပ်ဆောင်ဖို့ ကာဒီနယ်က ပြောပါတယ်။

“ကျွန်ုပ်အနေနဲ့ အထူးမေတ္တာရပ်ခံလိုတာက နှစ်သစ် ဇန်နဝါရီ ၁ ရက်နေ့ကို မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်းနဲ့ ခြိုးခြံ ဝါရှောင်ရာနေ့အဖြစ် ဘာသာတရားများအားလုံး၊ တတိုင်းပြည်လုံး အတူတကွ ပါဝင်ဆုတောင်းကြဖို့အတွက် ဖိတ်ခေါ်လိုပါတယ်။

ကျွန်ုပ်တို့ ဆုတောင်းဝတ်ပြုတဲ့နေရာဖြစ်တဲ့ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားကျောင်း၊ စေတီနဲ့ ဗလီတွေကို သွားရောက်တဲ့ နေရာမှာလည်းပဲ စစ်ပွဲများရပ်စဲကြပါဆိုတဲ့ စတစ်ကာတွေနဲ့ အလံတွေ ယူဆောင်သွားဖို့ ဖိတ်ခေါ်ပါတယ်။

ဒါကြောင့် နှစ်သစ်ရဲ့ ပထမဆုံးနေ့ရက်မှာ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပြီး လူသားတို့ရဲ့ စိတ်နှလုံးပြောင်းလဲစေဖို့ရာအတွက်  ခြိုးခြံ ဝါရှောင်ကြပါစို့။ စစ်ပွဲများ ရပ်စဲကြပါ” လို့ ပြောပါတယ်။

လက်နက်နဲ့တုံ့ပြန်နေရင် ငြိမ်းချမ်းရေး မရနိုင်ဘဲ တွေ့ဆုံဆွေးနွေး အဖြေရှာရင် ငြိမ်းချမ်းရေး ရနိုင်မယ်လို့လည်း သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013