DVB Logo
Home
မြန်မာသတင်း
ကသာနတ်ပေါက်ဆင်စခန်းကို သဘာဝအခြေခံခရီးသွားလုပ်ငန်းဖြစ်အောင်လုပ်မည်
DVB
·
December 13, 2016
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ရှိ နတ်ပေါက်ဆင်စခန်းကို သဘာဝအခြေခံခရီးသွားလုပ်ငန်းအဖြစ် တိုးချဲ့လုပ်ဆောင်ဖို့  တိုင်းဒေသကြီးအစိုးရက စီစဉ်ဆောင်ရွက်နေပါတယ်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့အဖွဲ့ဟာ ဒီဇင်ဘာ ၁၁ ရက်က  စစ်ကိုင်းတိုင်းအတွင်း ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် နတ်ပေါက်ဆင်စခန်းသို့ ရောက်ရှိလာပြီး ဆင်စခန်းအခြေအနေ၊ ဝန်ဆောင်မှုအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ တိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။

နတ်ပေါက်ဆင်စခန်းမှာ ဆင်စီးရင်း တောတပတ် လှည့်လည်နိုင်တဲ့အပြင် ဆင်တွေရေချိုးတာ၊ အစာကျွေးတာ လေ့လာနိုင်သလို တောအလှ တောရိုင်းတိရစ္ဆာန်တွေနဲ့ အပန်းဖြေနိုင်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းခရီးသွားတွေ ဆင်စခန်းဝင်ကြေး ၃၀၀၀ ကျပ်၊ ဆင်စီးရင် ၃၀၀၀ ကျပ်၊ ဆင်စာကျွေးရင် ၃၀၀၀ ကျပ် သတ်မှတ်ထားပြီး နိုင်ငံခြားသားတွေအတွက်တော့ ဈေးတမျိုး သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဆင်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ဖို့ မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်စခန်း ၉ ခု ဖွင့်လှစ်ထားရှိပြီး ပုဂ္ဂလိကဆင်စခန်း ၂ ခု ရှိပါတယ်။

နတ်ပေါက်ဆင်စခန်းကနေ မနှစ်က ကျပ်သိန်း ၁၉၀ ၀င်ငွေရရှိထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးစဉ် ဒေသ ၂၁ ခုကို ရွေးချယ်သတ်မှတ်ထားပြီး ရှမ်းပြည်နယ်ရှိ အင်းလေးကန်ဒေသ၊ ချင်းပြည်နယ်ရှိ နတ်မတောင်အမျိုးသားဥယျာဉ်၊ ကချင်ပြည်နယ်ရှိ အင်းတော်ကြီးဒေသ၊ ခါကာဘိုရာဇီနှင့် ဖုန်ကန်ရာဇီ ဘေးမဲ့တောတွေ၊ ပဲခူးတိုင်း ဝေါမြို့နယ်ရှိ မိုးယွန်းကြီးအင်း၊ စစ်ကိုင်းတိုင်း မုံရွာခရိုင်ရှိ အလောင်းတော်ကဿဖ  အမျိုးသားဥယျာဉ်၊ မန္တလေးတိုင်းရှိ ပုပ္ပားတောင်၊ မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုး ဘေးမဲ့တော စတဲ့ ဒေသတွေ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013