DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေး ဆွေးနွေးရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို မြန်မာအစိုးရ ဖိတ်ခေါ်
DVB
·
December 12, 2016
Donate to DVB

နိုင်ငံတကာက အာရုံစိုက်လာတဲ့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အထူးအစည်းအဝေးတခုကို ရန်ကုန်မြို့မှာ လာမယ့် ဒီဇင်ဘာ ၁၉  ရက်နေ့ ကျင်းပမယ်လို့ မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အထူးအစည်းအဝေး ဖိတ်ခေါ်ချက်ကို ပြီးခဲ့တဲ့တပတ် အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ အကြီးတန်းအရာရှိများ အစည်းအဝေးမှာ ထုတ်ဖော်ပြောကြားလိုက်တာပါ။

ရန်ကုန်မြို့မှာ အိမ်ရှင်ပြုလုပ်သွားမယ့် ဒီအထူးအစည်းအဝေးမှာ ဒေသတွင်း စိုးရိမ်ပူပန်မှုတွေ ရှိလာတဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အာဆီယံ ၀န်ကြီးတွေကို တိုက်ရိုက်ဆွေးနွေးပြောကြားသွားမှာဖြစ်ကြောင်းလည်း ဘာလီအစည်အဝေးကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံခြားရေးရဲ့ အာဆီယံဌာနခွဲ ဒါရိုက်တာ ဦးမြတ်သူက ပြောကြားခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံတွေထဲမှာ လက်ရှိ ရခိုင်ပြည်နယ် အခြေအနေတွေ သဘောထားအမြင်အမျိုးမျိုး ရှိနေကြပြီး ၂၀၁၂ ခုနှစ်တုန်းကတော့ ရခိုင်အရေး ဆွေးနွေးဖို့ အာဆီယံ ကမ်းလှမ်းချက်ကို အဲဒီ့အချိန်က မြန်မာအစိုးရဘက်က ပယ်ချခဲ့ဖူးပါတယ်။

အခုတခါ မြန်မာအစိုးရဘက်က စတင်ဖိတ်ခေါ်လိုက်တဲ့ အထူးအစည်းအဝေးမှာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ထုတ်ဖော်တင်ပြသွားဖို့ရှိနိုင်တယ်လို့လည်း ဘာလီအစည်းအဝေး တက်ရောက်ခဲ့တဲ့ အာဆီယံအရာရှိတွေက မျှော်လင့်ထားကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013