DVB Logo
Home
မြန်မာသတင်း
တပ်မတော်သားကိုယ်စားလှယ်တဦး လွှတ်တော်တွင် ပထမဆုံးအကြိမ် မေးခွန်းမေးမြန်း
DVB
·
December 12, 2016
တပ်မတော်သားကိုယ်စားလှယ်တဦး လွှတ်တော်တွင် ပထမဆုံးအကြိမ် မေးခွန်းမေးမြန်း
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မှာ ရွှေဘိုမြို့ရှိ ရွှေဘုံရတနာ မင်္ဂလာနန်းတော်ကြီး ပြုပြင်ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့  တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တဦးက ပထမဆုံး အကြိမ် မေးခွန်းမေးမြန်းလိုက်ပါတယ်။

ရွှေဘုံရတနာမင်္ဂလာနန်းတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းရေး၊ စတာတွေ လုပ်ဆောင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအနေနဲ့ ငွေလုံးငွေရင်း အသုံးစရိတ် ချပေးဖို့ ရှိမရှိ ရွှေဘိုတပ်နယ်၊ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီး ကျော်ဝင်းလှိုင်က ဒီကနေ့ စစ်ကိုင်းတိုင်း လွှတ်တော်မှာ မေးမြန်းခဲ့တာပါ။

ရွှေဘိုမှာရှိတဲ့ ရွှေဘုံရတနာ မင်္ဂလာနန်းတော်ကြီးကို နိုင်ငံတော်မှ ငွေကျပ် ၁၅၂၈.၂၄ သိန်း အကုန်အကျခံ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်ဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေပြီး နှစ်စဉ် ဘဏ္ဍာနှစ်အလိုက် အသုံးစရိတ်တွေချပေးပြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့သလို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ကျပ် ၃၀.၇၀သန်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာတော့ ချပေးခြင်းမရှိတော့ပါဘူး။

မေးခွန်းနဲ့ပတ်သက်ပြီး ရှေးဟောင်းစေတီပုထိုးများနှင့် အထိမ်းအမှတ် အဆောက်အဦများခေါင်းစဉ်နဲ့ ၂၀၁၇-၁၈ဘဏ္ဍာနှစ်အတွက် ကျပ် ၁၃၅ သန်း လျာထားပြီးဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ဖြေကြားခဲ့ပါတယ်။

ဒါဟာ ၂၀၁၅ ရွေးကောက်ပွဲအပြီး ကျင်းပလာတဲ့ လွှတ်တော်သက်တမ်းအတွင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ ပထမဆုံးမေးခွန်းမေးမြန်းခဲ့တာပါ။ ဒါပေမယ့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ မီဒီယာတွေရဲ့ မေးမြန်းချက်ကိုတော့  ဖြေကြားခဲ့ခြင်း မရှိပါဘူး။

သတင်းဓာတ်ပုံ - အောင်ကိုလတ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013