DVB Logo
Home
မြန်မာသတင်း
မိုးလုံလေလုံ အာဇာနည်ဗိမာန် တည်ဆောက်ရန် အစီအစဉ် မရှိသေး
DVB
·
December 12, 2016
Donate to DVB

ရန်ကုန်မြို့ ရွှေတိဂုံဘုရားခြေတော်ရင်းမှာရှိတဲ့ အာဇာနည်ဗိမာန်ကို မိုးလုံလေလုံ တည်ဆောက်ဖို့ မလိုအပ်သေးဘူးလို့ သာသနာနဲ့ယဉ်ကျေးမှုဌာန ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကိုက ပြောကြားပါတယ်။

ဒီနေ့လုပ်တဲ့ ပြည်သူ့လွှတ်တော်ထဲ စစ်ကိုင်းတိုင်း၊ မြိုင် မဲဆန္ဒနယ်က ဦးအောင်ခင်ဝင်းက အာဇာနည်ကုန်းမြေနေရာမှာ ခန့်ညားထည်ဝါတဲ့ အာဇာနည်ဗိမာန်ကြီးတစ်ခု ၂၀၁၇ ခုနှစ် အာဇာနည်နေ့အမီ တည်ဆောင်ပေးဖို့ အစီအစဉ် ရှိ/မရှိမေးခွန်းကို ဖြေကြားရင်း ၀န်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။

“လက်ရှိ အနေအထားအရ အာဇာနည်ဗိမာန်ရဲ့ အသွင်အပြင်ဟာ ခန့်ညားထယ်ဝါသော အသွင်သဏ္ဌာန်ဖြစ်နေပါ၍ မိုးလုံနေလုံ ဆောင်ရွက်ရန်အတွက် လုံခြုံရေး အခြေအနေအရလည်း မလိုအပ်သေးပါကြောင်း တွေ့ရှိရပါသဖြင့် နောင် လိုအပ်သည့်အခါ တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားအပ်ပါတယ်။”
မေးခွန်းမေးတဲ့ မြိုင်မြို့နယ် အမတ် ဦးအောင်ခင်ဝင်းက ၁၉၈၃ ခုနှစ် မတိုင်မီက အာဇာနည်ဗိမာန်ဟာ မိုးလုံလေလုံနဲ့ စနစ်တကျရှိပြီး နိုင်ငံခြားဧည့်သည်တွေနဲ့ အများပြည်သူတို့ အချိန်မရွေး လာရောက်ဂါရ၀ပြုနိုင်ကြတယ်လို့ပြောပါတယ်။

“၁၉၈၃ ခုနှစ်မှာ မြောက်ကိုရီးယား သူလျှိုတွေ လက်ချက်နဲ့ အာဇာနည်ဗိမာန် ပျက်စီးခဲ့ပြီးတဲ့နောက် ထွက်ပေါ်ခဲ့တဲ့ အာဇာနည်ဗိမာန်ဟာ မိုးမလုံနေမလုံနဲ့ တချိန်လုံးလည်း ပိတ်ထားတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ပုဂ္ဂိုလ်ကြီးတွေကို ဂါရ၀ပြုလိုသူတွေအတွက် အခက်အခဲရှိတယ်။ ဒါ့ကြောင့် မိုးလုံနေလုံ အာဇာနည်ဗိမာန်တခု ပြင်ဆင်တည်ဆောက်ဖို့ အစီစဉ် ရှိ မရှိ မေးခွန်း ထုတ်ခဲ့တာဖြစ်တယ်”

၁၉၈၃ ခုနှစ်မတိုင်မီက အာဇာနည်ကုန်းမှာ တည်ဆောက်ထားတဲ့ အာဇာနည်ဗိမာန်ဟာ အာဇာနည်တဦး ဗိမာန်တလုံးနဲ့ အဲ့ဒီ ဂူဗိမာန်တွေကိုလည်း အမိုးအကာနဲ့ စနစ်တကျ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အာဇာနည်ကုန်းမှာတည်ဆောက်ထားတဲ့ အာဇာနည်ဗိမာန်ကတော့ အမိုးအကာ မပါဘဲ ဟင်းလင်းပြင်မှာ တည်ဆောက်ထားတဲ့အတွက် ဂါရ၀ပြုသူတွေ အခက်တွေ့တယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013