DVB Logo
Home
မြန်မာသတင်း
မိုးပြာဂိုဏ်းအနေဖြင့် အဓမ္မတရားများ ဟောပြောထုတ်ဝေပါက ဥပဒေအရ အရေးယူမည်
DVB
·
December 12, 2016
Donate to DVB

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က အဓမ္မဝါဒအဖြစ် သတ်မှတ်ထားတဲ့ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာအမည်ခံ မိုးပြာဂိုဏ်းအနေနဲ့ အဓမ္မဝါဒနဲ့သက်ဆိုင်တဲ့ ဟောပြော ထုတ်ဝေတာတွေ ပြုလုပ်ပါက ဗုဒ္ဓသာသနာတော် ထိန်းသိမ်းကာကွယ်ရေးဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မီဒီယာအချို့ကို ပြောပါတယ်။

“အဓမ္မဝါဒတွေကို ပြန်လည်ထုတ်ဝေဖို့ ဒီဗွီဒီ၊ စီဒီခွေတွေ ဖြန့်ဝေဖို့ Soft Copy Hard copy လုပ်တဲ့အခါမှာ ဒါကို တရားဝင်ကန့်ကွက်လွှာလည်း အဲဒီရဲ့ကိုယ်စားလှယ် ဦးနေဝင်းကို တိုင်းသာသနာရေးမှူးက ခေါ်ယူတွေ့ဆုံပြီးမှ အသိပေးထားပါတယ်။ လက်မှတ်ထိုးခိုင်းပါတယ်။ သို့သော် သူ လက်မှတ်မထိုးပါဘူး။ သူတို့ ယုံကြည်ချက်အတိုင်း ဆက်လုပ်မယ်ဆိုတဲ့ သဘောမျိုး ပြောသွားပါတယ်။ အဲဒီလိုပြောမယ်ဆိုရင်တော့ ထပ်မံတရားစွဲပြီးတော့မှ ဗုဒ္ဓသာသနာတော် ထိန်းသိမ်းကာကွယ်ရေးဥပဒေများနဲ့အညီ ဝန်ကြီးဌာနက အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ကန့်ကွက်နိုင်ပါကြောင်း အများသိစေရန် ကြေညာခြင်းခေါင်းစဉ်နဲ့ ဦးနေဝင်း ဆိုသူက “ကျွန်ုပ်တို့သည် ယခင်က ကိုးကွယ်ဆည်းကပ် ဟောပြောဖြန့်ချိ ရေးသားထုတ်ဝေနေသော ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာစာအုပ်များ CD ခွေများနှင့် တရားဓမ္မဟောပြောဆွေးနွေးခြင်းများကို ပြန်လည်ထုတ်ဝေလိုတဲ့အတွက် ကန့်ကွက်နိုင်ကြောင်း” ကြေညာခဲ့တာပါ။

အခုလိုကြေညာချက်နဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ သာသနာရေးဦးစီးဌာနက ကြော်ငြာထည့်သွင်းသူ ဦးနေဝင်းကို အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ပြီးသားဖြစ်လို့ ဆက်လက်မလုပ်ဆောင်ဖို့ အသိပေးခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၇ ရက်နေ့ထုတ် ရတနာပုံ၊ ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာတို့ကနေပြီး ကန့်ကွက်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013