DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် လုပ်ဆောင်ချက်ကို အပစ်ရပ်တပ်ဖွဲ့များ ကန့်ကွက်
DVB
·
December 12, 2016
အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် လုပ်ဆောင်ချက်ကို အပစ်ရပ်တပ်ဖွဲ့များ ကန့်ကွက်
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနဲ့ တပ်ဖွဲ့ခေါင်းဆောင်များကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့ လုပ်ဆောင်ချက်များအား ဆန့်ကျင်ကန့်ကွက်တယ်လို့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တပ်ဖွဲ့များက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အစိုးရနဲ့ အပစ်ရပ်စာချုပ် အန်စီအေမှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ ၈ ခု စုပေါင်းပြီး ဒီဇင်ဘာ ၁၁ ရက်မှာ ကြေညာချက်ထုတ်ပြန် ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်အဖြစ် သတ်မှတ်ဖို့ လုပ်ဆောင်ချက်များဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နေမှုကို ထိခိုက်စေလို့ ဆန့်ကျင်ကန့်ကွက်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနဲ့ ပြည်ထောင်စုအစိုးရတို့အနေနဲ့ အပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားကြဖို့လည်း အပစ်ရပ်တပ်ဖွဲ့တို့က တောင်းဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်မှုတွေကို စတင်ခဲ့တဲ့ ကေအိုင်အေ၊ အမ်အန်ဒီအေအေ၊ တီအန်အယ်လ်အေနဲ့ အေအေတပ်ဖွဲ့ ၄ ခုတို့ကို ရှမ်းပြည်နယ်လွှတ်တော်က အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒီဇင်ဘာလဆန်းပိုင်း ပြုလုပ်ခဲ့တဲ့ ပြည်နယ်လွှတ်တော်အတွင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်ရဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့ အဆိုပြုချက်ကို ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များနဲ့ တပ်မတော်သား ကိုယ်စားလှယ်များရဲ့ ထောက်ခံမှုနဲ့ အဆိုအတည်ဖြစ်ခဲ့တာပါ။

ဒီအတောအတွင်းလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်တရပ်မှာလည်း ကာကွယ်ရေး ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးစိန်ဝင်းက အဲ့ဒီတိုင်းရင်းသားတပ်ဖွဲ့ ၄ ခုကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ဖို့ လွှတ်တော်ကို တိုက်တွန်းခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013