DVB Logo
Home
မြန်မာသတင်း
ဦးသန့် အရေးအခင်း ၄၂ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပ (ဓာတ်ပုံ)
DVB
·
December 12, 2016
ဦးသန့် အရေးအခင်း ၄၂ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပ (ဓာတ်ပုံ)
1 / 7
Donate to DVB

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် အရေးအခင်း ၄၂ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဦးသန့်အရေးအခင်း ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံဖို့နဲ့ ဒီလှုပ်ရှားမှုကို လက်လှမ်းမမီခဲ့တဲ့ လူငယ်မျိုးဆက်တွေကို သမိုင်းအမွေ လက်ဆင့်ကမ်းချင်တာကြောင့် ဒီအခမ်းအနားကို ပြုလုပ်တာဖြစ်တယ်လို့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ နှစ်ပတ်လည်အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

“ဦးသန့်အရေးအခင်းဟာ ကျနော်တို့ နှစ်စဉ်နှစ်တိုင်း ခိုးကြောင်းခိုးဝှက် လုပ်ရပါတယ်။ ကျနော်တို့ ဒီလို ပွင့်ပွင့်လင်းလင်း ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်တာကတော့ ၃၈ နှစ်မြောက်ကတည်းက လုပ်ပါတယ်။ လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ နံပါတ်တစ်က ကျနော်တို့အသက်အရွယ်တွေက ၆၀ ကနေ ၇၀ လောက် ဖြစ်နေပါပြီ။ အဲဒီ ၆၀ နဲ့ ၇၀ နားမှာရှိတဲ့ လူတွေက တချို့လည်း ဆုံးကုန်ပြီ။ တချို့လည်း ကျန်းမာရေးမကောင်းဘူး။ အိပ်ရာထဲမှာ လဲနေပြီ။ အဲဒီတော့ ရှိတဲ့ ရဲဘော်ရဲဘက်တွေကို ကျနော်တို့ ပြန်လည်ဆုံတွေ့ကြတဲ့ပွဲလည်း ဖြစ်တယ်။ နောက်ပြီးတော့ အနှစ် ၄၀ ကျော်လောက် ကျနော်တို့ နိုင်ငံရေးဖြတ်သန်းခဲ့တဲ့ လူတွေရဲ့ နိုင်ငံရေးသတင်းစကားတွေ ဆွေးနွေးမှုတွေကို ကြားချင်တာလည်း ဖြစ်ပါတယ်။ နောက် တတိယအချက်က ကျနော်တို့ နောက်ပိုင်းလူငယ်တွေ ဦးသန့်အရေးအခင်း ဘာကြေင့်ဖြစ်တယ်၊ ဘယ်လိုဖြစ်တယ်ဆိုတာကို သူတို့ မသိကြဘူး။ အဲဒီတော့ သူတို့သိအောင်” လို့ ကျောင်းသားဟောင်း ဦးကိုလေးက ပြောပါတယ်။

ဒီနှစ်ပတ်လည်အခမ်းအနားမှာ ဦးသန့်အရေးအခင်း ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားဟောင်းကြီးတွေကလည်း နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းစကားတွေ ပြောကြားခဲ့ပါတယ်။

“တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားကြီးတွေဟာ ဒီနှစ်ဆိုရင် အသက် ၆၀ ကျော် ၇၀ တွေ ရောက်ကုန်ပြီ။ လက်ဆင့်ကမ်း အဘတို့ ပြောချင်တာကတော့ ဒီမိုကရေစီတိုက်ပွဲ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကြီးကို မြန်မာပြည်ကြီးမှာ ရရှိပြီးတော့ ဒီမိုကရေစီနိုင်ငံစစ်စစ်ကြီး ဖြစ်ပါစေရန် အနာဂတ်ရဲ့ မျိုးဆက်သစ်လူငယ်တွေဟာ ဆက်လက်ပြီးတော့ ဖော်ဆောင်သွားကြပါလို့ အဘ တိုက်တွန်းလိုက်ပါတယ်” လို့ ဦးသန့်အရေးအခင်းလှုပ်ရှားမှု ကျောင်းသားဟောင်း ဦးသောင်းတင်က ပြောပါတယ်။

ဦးသန့်အရေးအခင်း လှုပ်ရှားမှုဟာ ၁၉၇၄ စစ်အာဏာရှင် အစိုးရလက်ထက်မှာ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ဂူဗိမာန်ကို ဂုဏ်သိက္ခာနဲ့ ထိုက်တန်တဲ့ နေရာရရှိရေး တောင်းဆိုမှုနဲ့ နိုင်ငံရေးအရ မကျေနပ်ချက် နောက်ခံတွေအရ ဖြစ်ပေါ်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကြီးတခု ဖြစ်ပါတယ်။

ဒီလို ဦးသန့်အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ မျိုးဆက်တွေအနေနဲ့ လက်ရှိ နိုင်ငံရေးဖြစ်စဉ်တွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပူးပေါင်းပါဝင်ဖို့ကိုလည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013