DVB Logo
Home
မြန်မာသတင်း
ဇေယျာသီရိမြို့နယ်တွင် ယာဥ် ၃ စီး ဆင့်ကဲတိုက်၊ ၁၄ ဦး ဒဏ်ရာရ
DVB
·
May 12, 2026
Photo : Ko Chit 
Photo : Ko Chit 
Donate to DVB

နေပြည်တော်ကောင်စီနယ်မြ ဇေယျာသီရိမြို့နယ် ရန်ကုန် -မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၂၃၅ /၄ ဖာလုံမှာ ဒီကနေ့ မနက် ၁၀ နာရီခွဲက ယာဥ် ၃ စီးဆင့်ကဲတိုက်ခဲ့တာကြောင့် အမျိုးသား၊ အမျိုးသမီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြိုခံတွေဆီက သိရပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီခွဲက ပျဥ်းမနားဘက်ကနေ တပ်ကုန်းမြို့ကို မောင်းလာတဲ့ မော်တော်ယာဥ်တစီးဟာ အရှိန်မထိန်းနိုင်ဘဲ လိုက်ထရပ်ယာဥ်တစီးကို အနောက်မှတိုက်မိရာမှ ဆူဇူးကီးကားပါ ထပ်မံတိုက်မိခဲ့တာလို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။

“၂၃၅ မိုင် နန်းသြကျေးရွာနားမှာဖြစ်တာ။ ပျဥ်းမနားကနေ တပ်ကုန်းဘက်ကို မောင်းလာတဲ့ CHENG LONG ကားက လိုက်ထရပ်ကားကို တိုက်တယ်၊ အဲ့ကနေ ဆူဇူကီးကားကို ထပ်တိုက်တယ်။ ကားပေါ်ပါလာတဲ့ အမျိုးသား၊ အမျိုးသမီး ၁၄ ယောက်ဒဏ်ရာရတယ်၊ သေတဲ့သူတော့ မရှိဘူး။” 

ဒဏ်ရာရရှိသူတွေအား ဗုဗ္ဗသီရီမြို့နယ်ဆေးရုံကို လူမှုကူညီရေးအဖွဲ့တွေက ပို့ဆောင်ပေးခဲ့ပြီး CHENG LONG ယာဥ်ပိုင်ရှင်ကို အမြန်လမ်းရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“လက်ရှိ ဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့ထားပြီး CHENG LONG ကားက ယာဥ်မောင်းကို စစ်ဆေးနေတယ်။ လိုက်ထရက်ကားက လူရော၊ ကားရောထိတယ်၊ ဆူဇူကားလည်း အတော်ထိသွားတယ်။"

မနေ့ ညနေ ၅ နာရီခွဲခန့်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၄၇/၇နဲ့၂၄၈/၀ ကြားမှာ AD Van ကားတစီး အရှိနမထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ဝင်တိုက်ခဲ့လို့ ယာဥ်မောင်းဖြစ်သူ သေဆုံးခဲ့ပါတယ်။

ဒီနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ယာဥ်တိုက်မှု ၅၂ မှုဖြစ်ခဲ့ပြီး သေဆုံးသူ ၃၂ ယောက်နဲ့ ဒဏ်ရာရသူ ၆၃ ယောက်ရှိတယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013