DVB Logo
Home
မြန်မာသတင်း
မင်းတပ်တွင် ပထမဆုံးအကြိမ် အမျိုးသမီးအရေး ၁၆ ရက်တာ လှုပ်ရှားမှု ပြုလုပ်
DVB
·
December 10, 2016
မင်းတပ်တွင် ပထမဆုံးအကြိမ် အမျိုးသမီးအရေး ၁၆ ရက်တာ လှုပ်ရှားမှု ပြုလုပ်
1 / 9
Donate to DVB

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ အမျိုးသမီးများအရေး ၁၆ ရက်တာလှုပ်ရှားမှုပွဲကို ဒီနေ့ စတင်ကျင်းပနေပါတယ်။

ဒီပွဲကို UNDP/ လင်းလက်ကြယ်စင်ကိုယ့်အားကိုယ်ကိုးအဖွဲ့၊ လူသရမ်ဝေါလ်ဖက်ဒရေးရှင်းအဖွဲ့နဲ့ COLDA (ချိုးမြေလူမှုဖွံ့ဖြိုးတိုးတက်ရေး) အသင်းတို့က ဦးဆောင်ကျင်းပခဲ့တာပါ။

ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကို လင်းလက်ကြယ်စင်ကိုယ့်အားကိုယ်ကိုးအဖွဲ့မှ ဥက္ကဋ္ဌဒေါ်ယောပါယ်က ''ဒီပွဲဟာ အမျိုးသမီးတွေက အကြမ်းဖက်မှုတွေ ခံနေရပေမယ့် ကိုယ်အကြမ်းဖက်မှုတွေ ခံနေရတာမသိကြဘူး။ အကြမ်းဖက်မှုဆိုတဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုပြီး အဓိကနှစ်မျိုးရှိတာပေါ့။ ဒီချင်းအမျိုးတွေမှာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အများဆုံးခံနေရတာတွေ့ရတယ်။ ဒီချင်းပြည်နယ်အနေနဲ့ လိင်အကြမ်းဖက်မှုတွေ သိပ်မရှိပေမယ့် ပုံစံအမျိုးမျိုးနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ခံနေရတာပါ။ အကြမ်းဖက်မှုအားလုံးကို သုံးသပ်ရင်တော့ တရာမှာ တစ်ရာရာခိုင်နှုန်းက ပုံစံအမျိုးမျိုးနဲ့ အကြမ်းဖက်မှုတွေခံနေရတာဖြစ်ပါတယ်။ ဒီအကြမ်းဖက်မှုတွေကို ပညာပေးသဘောအနေနဲ့ အခုဒီပွဲကို ကျင်းပပေးရတာဖြစ်တယ်လို့''ပြောပါတယ်။

ဒါအပြင် အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို အပြည့်အဝကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေပြဋ္ဌာန်းနိုင်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ဒီပွဲမှာ အစီအစဉ်လေးတခုပါဝင်ပြီး တက်ရောက်လာတဲ့အမျိုးသမီးတိုင်းကို အကြမ်းဖက်မှုဆိုတာကို ဘယ်လိုသဘောပေါက်လဲဆိုတဲ့ မေးခွန်းတွေဖြေခိုင်းပြီး အလှမယ်ပြိုင်ပွဲ/ ရိုးရာအကပြိုင်ပွဲနဲ့ သီချင်းဆိုပြိုင်ပွဲတွေလည်း ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013