DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားပါတီများ ဒေသဖွံ့ဖြိုးရေး တရုတ်ကွန်မြူနစ်ပါတီနှင့်ဆွေးနွေး
DVB
·
December 10, 2016
တိုင်းရင်းသားပါတီများ ဒေသဖွံ့ဖြိုးရေး တရုတ်ကွန်မြူနစ်ပါတီနှင့်ဆွေးနွေး
Donate to DVB

တရုတ်ပြည့်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ တိုင်းရင်းသားပါတီ ၅ ခုမှ တရုတ်ပြည်ကို သွားရောက်ခဲ့ပြီး တိုင်းရင်းသားဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေကို ဆွေးနွေးခဲ့ပါတယ်။

တိုင်းရင်းသားဒေသတွေမှာ တကယ်လိုအပ်နေတဲ့ ဒေသဖွံ့ဖြိုးရေးအတွက် မူဝါဒတွေကို တင်ပြဆွေးနွေးခဲ့တယ်လို့ ဖိတ်ကြားခံရသူ ရခိုင်အမျိုးသားပါတီမှ ထွေထွေအတွင်းရေးမှူး ဦးထွန်းကျော်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသားပါတီကိုမေးတာက ၂၁ ပင်လုံညီလာခံဟာ တိုင်ပြည်အတွက် တကယ့်ငြိမ်းချမ်းရေး ရနိုင်တဲ့ ပင်လုံညီလာခံတခု ဟုတ်သလားပေါ့။ လက်ရှိဖြစ်ပွားနေတဲ့ တိုင်းပွားတွေနေတဲ့ တိုက်ပွဲတွေအကြောင်း မေးပါတယ်။ တိုင်းရင်းသားပါတီတွေက အဓိက ဒါတွေကို ဆွေးနွေးတင်ပြတယ်။ တိုင်းရင်းသားဒေသတွေမှာ လိုအပ်နေတဲ့ ဒေသဖွံ့ဖြိုးရေးတွေကို လက်ရှိအစိုးရနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ အချက်လည်း ဆွေးနွေးခဲ့ပါတယ်။ ဘာတွေလိုအပ်နေတယ်။ ဘာတွေလုပ်ဆောင်သွားမယ်ဆိုတာတွေကို အဓိက ဆွေးနွေးပါတယ်။”

တိုင်းရင်းသား ၅ ပါတီကလည်း ဒေသမှာ တကယ့်လိုအပ်နေတဲ့ လပ်ဟာနေတာတွေ ဆွေးနွေးတင်ခဲ့တယ်လို့ ပြောပါတယ်။

ရခိုင်အမျိုးသားပါတီဘက်ကတော့ ရခိုင်ပြည်နယ်မှာ စက်မှုဇုန်တွေ နည်းပါးတာနဲ့အမျှ အလုပ်အကိုင် ရှားပါးမှုပြဿာနာတွေနဲ့ ရင်ဆိုင်နေရပြီး စက်မှုဇုန်တည်ဆောက်ပေး ဖို့ လိုအပ်နေတဲ့အကြောင်း ချပြခဲ့တယ်လို့ပြောပါတယ်။

တရုတ်ကွန်မြူနစ်ပါတီက တိုင်းရင်းသားဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ပေးဖို့ နှစ်ဖက်နိုင်ငံ တာဝန်ရှိသူတွေဆုံပြီး အတက်နိုင်ဆုံး လုပ်ပေးသွားမယ်လို့ ပြောခဲ့ပေမယ့် ကတိကဝတ်အနေနဲ့ ပြုပေးခဲ့တာ မရှိဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ပိုက်လိုင်းဖြတ်သန်းသွားနေတဲ့ နေရာတွေကို လယ်ယာမြေတွေ ဆုံးရှုံးတာတွေ၊ လျှော်ကြေး မရရှိတာတွေကို ဆွေးနွေးတင်ပြခဲ့တာတွေအပြင် လက်ရှိ ရွှေဂတ်စ်သဘာဝဓာတ်ငွေ့မှာရရှိတဲ့ အကျိုးအမြတ်တွေကို ဒေသခံ ပြည်သူတွေတစုံတရာ ခံစားခွင့်မရှိကြောင်းလည်း ဆွေးနွေးတင်ပြခဲ့တယ်လို့ ဦးထွန်းအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“လယ်မြေအသိမ်းခံထားရတာတွေ၊ ပိုက်လိုင်းဖြတ်သန်းသွားနေတဲ့ လမ်းတလျှောက်လျှော်ကြေးတွေ ကာယကံရှင် လက်ထဲကို အပြည့်အဝမရရှိသေး တဲ့အတွက်ကြောင့် ဆန္ဒပြမှုတွေဖြစ်ပေါ်နေတယ်ပေါ့။ ဒါတွေကို ကုမ္ပဏီပိုင်ရှင်တွေဘက် အပြည်အဝပေးချေသွားဖို့ တင်ပြပါတယ်။ သူတို့ဘက်ပြောတာကပျက်စီး ဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေနဲ့ အခြားရပိုင်ခွင့်တွေကို တရုတ်ပြည်ဘက်က အကုန်ပေးထားပြီးပြီလို့ ပြောပါတယ်။ ဆုံးရှုံးနစ်နာသူတွေရဲ့ လက်ထဲကို ငွေးရေးကြေးရေးထည့်ပေးဖို့ အပိုင်းကတော့ ပိုက်လိုင်းတာဝန်ခံတွေရဲ့ အပိုင်းတခုဖြစ်သွားတယ်လို့ပြောပါတယ်။ အခုသတင်းကြားတော့ စိတ်မကောင်းဖြစ်မိတယ်လို့ သူတို့ဘက်က ပြောပါတယ်။”

အဲဒီခရီးစဉ်အတွင်းမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မီတီ နိုင်ငံတကာ ဆက်ဆံရေးဋ္ဌာန၊ တရုတ်ကွန်မြူနစ်ပါတီ တရုတ်ပြည် အတိုင်ခံ ကွန်ဂရက်ပါတီစုံစံနစ် လေ့လာရေးနှင့် နိုင်ငံရေးအတိုင်ပင်ခံဋ္ဌာန၊ ဖူကျင့်ပြည်နယ် တရုတ်ကွန်မြူနစ်ပါတီ နှင့် ဖူကျင့်ပြည်နယ်အစိုးရ၊ စီချွမ်ပြည်နယ် လျမ်ရှမ်းပြည်နယ်ခွဲ ရိကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရုတ်ကွန်မြူနစ်ပါတီတို့နဲ့ တွေ့ဆုံဆွေနွေးခဲ့ကြပါတယ်။

တိုင်းရင်းသားပါတီတွေဖြစ်ကြတဲ့ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်၊ တအာင်းပလောင်အမျိုးသားပါတီ၊ ပအိုင်းအမျိုးသားအဖွဲ့ချုပ်၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ စတဲ့ ပါတီ ၅ ခုက ကိုယ်စားလှယ်တွေ သွားရောက်ခဲ့တာဖြစ်ပါတယ်။

တရုတ်ပြည့်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီရဲ့ဖတ်ကြားချက်အရ နိုဝင်ဘာ ၂၉ ရက်နေ့ ခရီးစဉ် စတင်ခဲ့ပြီး ဒီဇင်ဘာ ၈ ရက်နေ့မှာ ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။

သတင်း - ဝဏ္ဏခွာညို၊ ဓာတ်ပုံ  - ထွန်းအောင်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013