DVB Logo
Home
မြန်မာသတင်း
မန်းသင်္ကြန်နောက်ခံ နှင်းဆီပန်သူ ရုပ်ရှင် (နမူနာကြည့်ရှုရန်)
DVB
·
December 10, 2016
မန်းသင်္ကြန်နောက်ခံ နှင်းဆီပန်သူ ရုပ်ရှင် (နမူနာကြည့်ရှုရန်)
Donate to DVB

ရုပ်ရှင် မကြိုက်ရင်နေ မန္တလေးသင်္ကြန်နဲ့ မန္တလေးရှုခင်းတွေကို တ၀ကြီးကြည့်ချင်ရင် နှင်းဆီပန်သူ ဇာတ်ကားကို ကြည့်ပါလို့ ညွှန်ထားတဲ့ နှင်းဆီပန်သူ ရုပ်ရှင် ရိုက်ကူးပြီး ဆင်ဆာတင်ပြီး သွားပါပြီ။

ဒီနှစ် မန္တလေးသင်္ကြန်ပွဲတော်အတွင်း ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားဟာ မကြာခင် ရုံတင်ပြသတော့မှာဖြစ်ပြီး ဇာတ်ကားနမူနာကို အင်တာနက်တင်ထားပါတယ်။

စာရေးဆရာလင်းယုန်နီရဲ့ ချစ်သောမောင်လေး ၀တ္ထုကို ဒါရိုက်တာဟိန်းစိုးက သရုပ်ဆောင် နောင်နောင်၊ အိန္ဒြာကျော်ဇင်တို့နဲ့ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဒါရိုက်တာဟိန်းစိုးရဲ့ ဆရာရင်းဖြစ်တဲ့ ကွယ်လွန်သူ ဒါရိုက်တာမောင်တင်ဦး ရိုက်ကူးတင်ဆက်ခဲ့တဲ့ မန်းသင်္ကြန်နောက်ခံ သင်္ကြန်မိုး ရုပ်ရှင်ဟာ နှစ်ပေါင်း ၃၀ လောက် ကြာမြင့်ခဲ့သည့်တိုင် အခုထိ လူကြိုက်များတဲ့ ဂန္တ၀င်ဇာတ်ကားတကား ဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013