DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးရမိ လက်နက်များ မောင်တောလုံခြုံရေးအတွက်ဟု အေအယ်လ်ပီပြော
DVB
·
December 10, 2016
ဖမ်းဆီးရမိ လက်နက်များ မောင်တောလုံခြုံရေးအတွက်ဟု အေအယ်လ်ပီပြော
1 / 7
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့နယ် ဘားအံ-လှိုင်းဘွဲ တောင်ကလေးကျေးရွာမှာ ဖမ်းဆီးမိခဲ့တဲ့ လက်နက်ခဲယမ်းတွေဟာ မောင်တောလုံခြုံရေးအတွက် သယ်လာတာဖြစ်ကြောင်း အေအယ်လ်ပီက ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့နယ် ဘားအံ-လှိုင်းဘွဲ့ တောင်ကလေးကျေးရွာ ဘားအံမြို့ အဝင် ဘီးခွန်ကောက်ခံရေးဂိတ်မှာ ရှာဖွေစစ်ဆေးခဲ့ရာမှ ရခိုင်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) က ဒုစစ်ဦးစီးချုပ်၊ စီးပွားရေးတာဝန်ခံနဲ့ ယာဉ်မောင်းတဦးတို့ထံက တရားမဝင် သယ်ဆောင်လာတဲ့ AK အမျိုးအစား လက်နက် ၁၉ လက်နဲ့ ကျည် ၃၀၀၊ ကျပ်သိန်း ၆၀ ကျော်တို့ကို ဘားအံမူးယစ် ရဲတပ်ဖွဲ့စု (၃၁) က ဖမ်းဆီးရမိခဲ့တာပါ။

မူးယစ်ဆေးဝါးသတင်းအရ ရှောင်တခင်ဖမ်းဆီးဆောင်ရွက်နေတုန်း အခုလိုတရားမဝင်လက်နက် သယ်ဆောင်လာတာကို ဖမ်းဆီးရမိခဲ့တာလို့ ဘားအံမူးယစ်ရဲတပ်ဖွဲ့စု(၃၁)က ဒုရဲမှူး ထွန်းထွန်းဦးက ပြောပါတယ်။

အေအယ်လ်ပီဗဟိုစည်းရုံးဌာနက ခိုင်ကျောတ်ရာဇ်ကတော့ ဒီလက်နက်တွေဟာ ရခိုင်ပြည်နယ်၊ မောင်တောကိစ္စလုံခြုံရေးအတွက် သယ်ဆောင်လာတာလို့ ဒီဗွီဘီကိုပြောပါတယ်။

“ဟုတ်ပါတယ်။ ကျနော်တို့ ရခိုင်လွတ်မြောက်ရေးပါတီကဖြစ်ပါတယ်။ တဖက်က အစိုးရဘက် မောင်တောကိစ္စ ကျနော်တို့ အေအယ်လ်ပီကိုလုံခြုံရေးအနေနဲ့ လုပ်ပေးဖို့ ကမ်းလှမ်းတာရှိပါတယ်။ အပိုင်းကနှစ်ပိုင်းရှိပါတယ်။ အစိုးရကတော့ မောင်တောကိစ္စမှာ လက်နက်ထုတ်ပေးရမလား ဘာညာသူတို့ပြောတာရှိတာပေါ့။ ကိုယ့်ပစ္စည်နဲ့ လုံခြုံရေးယူမလားပေါ့။ အဲဒါကြောင့် မောင်တောဘက်ကို ကျနော်တို့ ဒီပစ္စည်းတွေကို သယ်လာတဲ့ သဘော ပေါ့လေ။ တခုလိုသွားတာကတော့ ဒီပစ္စည်းတွေကို ယူသွားမယ်ဆိုတာကို အစိုးရဘက်ကို အကြောင်းကြား လိုက်တာမရှိဘူး။ အမှန်တော့ ဒီပစ္စည်းတွေကို ကျနော်တို့က သယ်ဆောင်ခွင့်ရှိတာပေါ့လေ။ သူတို့ဘက်ကတော့ တာဝန်အရစစ်ဆေးတာပါ။

အခုလို လက်နက်နဲ့အတူ ဖမ်းဆီးခံရတဲ့သူတွေအတွက် တပ်မတော်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေပြီး ဆွေနွေးမှုရလဒ်က ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ မသိရသေးဘူးလို့ သူကဆက် ပြောပါတယ်။

“လောလောဆယ်မှာတော့ ဒီကိစ္စကိုဖြေရှင်းဖို့ ကျနော်တို့လုပ်ဆောင်နေပါတယ်။ ရခိုင်ပြည်နယ်နယ်စပ်ရေးမှ ဦးထိန်လင်းကို အကြောင်းကြားထားပါတယ်။ စစ်တပ်ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်တွေကို တွေ့ဆုံဆွေးနွေးသွားဖို့ လုပ်နေပါတယ်။ လောလောဆယ်မှာတော့ ဖုန်းတွေနဲ့ အကြောင်းကြားထားတာရှိပါတယ်။ ဒီလူတွေက ကျနော်တို့ အေအယ်လ်ပီက လူတွေမှန်ကန်တယ်လို့ ပြောထားပါတယ်။ ဆွေနွေးမှုရဲ့ရလဒ်က ဘာတွေဖြစ်လာမယ်ဆိုတာ အသေးစိတ်ကို ကျနော်တို့ပြောလို့ မရသေးဘူး။”

လက်နက်ဖမ်းဆီးရမှုနဲ့ပတ်သက်လို့ ဘားအံ ဒုရဲမှူး ထွန်းထွန်းဦးက တရားလိုပြုလုပ်တိုင်တန်းခဲ့တဲ့အတွက် ဘားအံမြို့ မရဲစခန်းက (ပ)၇၃၃/၁၆၊လက်နက် ဥပဒေပုဒ်မ ၁၉-ကဖြင့်အမှုဖွင့် အရေးယူ စစ်ဆေးဆောင်ရွက် နေကြောင်း သိရပါတယ်။

ရခိုင်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) ဟာ ၁၉၆၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီးတော့ သီးခြား လွတ်လပ်ရေး အတွက် လက်နက်ကိုင်တိုက်နေတာဖြစ်ပြီး ၂၀၁၂ ခုဧပြီ ၆ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့တာပါ။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး စာချူပ်ကို ချူပ်ဆိုခဲ့တဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်လာပါတယ်။

သတင်း-ဝဏ္ဏခွာညို။ ဓာတ်ပုံ-ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013