DVB Logo
Home
မြန်မာသတင်း
ဝန်ထမ်းများ လက်ဖက်ရည်ဖိုး ပေးလှူမည့် အစီအစဉ် စတင်
DVB
·
December 10, 2016
ဝန်ထမ်းများ လက်ဖက်ရည်ဖိုး ပေးလှူမည့် အစီအစဉ် စတင်
Donate to DVB

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ၀န်ထမ်းတွေရဲ့ လက်ဖက်ရည်ဖိုး ပေးလှူမယ့်အစီစဉ်ကို စတင်လိုက်ပါတယ်။

တရက်ကို လက်ဖက်ရည်တခွက် လျှော့သောက်မယ်ဆိုရင် လိုအပ်တဲ့နေရာတွေမှာ ဖြည့်ဆည်းနိုင်မယ်လို့ ဝန်ကြီးက ပြောဆိုပြီးတဲ့နောက် ဒီ မျှဝေခြင်းဆိုတဲ့ အစီအစဉ်ကို စတင်လိုက်တာပါ။

လယ်/ဆည်ဌာနရဲ့ လက်ထောက်အတွင်းဝန် ဦးမျိုးတင့်ထွန်းက “ငွေထည့်နိုင်မယ့် ပုံးလေးတွေ လုပ်ထားတာတွေ့တယ်။ တယောက်ကို ဘယ်လောက်ထည့်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တော့ မရှိပါဘူး။ မထည့်ရင်လည်း ရပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံတော်ရဲ့ ဘတ်ဂျက်မလုံလောက်တဲ့အတွက် မပြောပလောက်တဲ့ ငွေပမာဏနဲ့ ထည့်ဝင် ဖြည့်ဆည်းမယ့် အစီအစဉ်ကို သူတို့ဝန်ကြီးဌာနက စ လုပ်မယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ အောင်သူက ပြောဆိုခဲ့တာပါ။

ဆည်မြောင်းဌာန ဝန်ထမ်းတစ်ယောက်က “ဒီလို လုပ်မယ့်အစား ဌာနက လုပ်နေတဲ့ စီမံကိန်းကြီးတွေမှာ ငွေယိုပေါက်တွေ ဘယ်လောက်ရှိနေတယ်။ အပိုကုန်နေတယ်ဆိုတာ စိစစ်လိုက်ရင် ခု လုပ်တာထက်ပိုပြီး ငွေတွေ ထွက်လာမယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013