DVB Logo
Home
မြန်မာသတင်း
စစ်ပွဲများရပ်ရန် လူ့အခွင့်အရေးကော်မတီ တောင်းဆို
DVB
·
December 10, 2016
စစ်ပွဲများရပ်ရန် လူ့အခွင့်အရေးကော်မတီ တောင်းဆို
Donate to DVB

တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့  စစ်ပွဲတွေကို အမြန်ဆုံးရပ်တံ့ပြီး တိုင်းရင်းသား လူမျိုးများ အားလုံးနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေပါဝင်တဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့် လုပ်ဆောင်ဖို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ကျင်းပရေးကော်မတီက ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။

ဒီဇင်ဘာ ၁၀ ရက် (၆၈) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်မှာ ခုလို တောင်းဆိုလိုက်တာဖြစ်ပြီး ပြည်သူတို့ရဲ့ အခြေခံ အခွင့်အရေးတွေကို ထိခိုက်ခြိမ်းခြောက်နေတဲ့ ဥပဒေတွေကို ပယ်ဖျက်ပြင်ဆင်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံထဲ လူ့အခွင့်အရေးလှုပ်ရှားသူ ညီမျှခြင်းမြန်မာဒါရိုက်တာ ဦးအောင်မျိုးမင်းကလည်း ပြည်တွင်းစစ်ရပ်ဖို့  အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

“လက်ရှိအနေအထားအရ ပြည်တွင်းစစ်ရပ်တန့်ဖို့ အရင်ဆုံး လုပ်ဆောင်သင့်ပါတယ်။ ဒါ ပထမဆုံး ဦးစားပေးသင့်တဲ့အရာ ဖြစ်ပါတယ်။ နောက်တခုက ပြည်သူလူထု အခွင့်အရေးတွေကို ထိခိုက်မှုရှိနေတဲ့ ဥပဒေဟောင်းတွေကို ပြုပြင်ဖို့ လိုအပ်တယ်။ နောက်တခါ ပြည်သူ့အစိုးရ လုပ်ဆောင်နိုင်ဖို့အတွက် အဟန့်အတား ဖြစ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒကို ပြောင်းလဲပစ်ဖို့လည်း တိုက်တွန်းချင်ပါတယ်။”

၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဆောင်ပုဒ်က Stand Up for Someone’s Rights Today တခြားသူအတွက် လူ့အခွင့်အရေး ဒီနေ့ကစ ရပ်တည်ပေး ဖြစ်ပါတယ်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း ဒီနေ့မှာ သတင်းထုတ်ပြန်ချက်တစောင် ထုတ်ပြန်လိုက်ပြီး ကော်မရှင်က လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ ဖော်ပြပါတယ်။

မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင် ညှဉ်းပန်းနှိပ်စက်မှုဖြစ်ရပ်မှာ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တချို့ လုပ်ရပ်ကြောင့် ကော်မရှင်အပေါ် ပြစ်တင်ဝေဖန်မှုတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့ပြီး အဖွဲ့ဝင်တချို့လည်း နုတ်ထွက်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013