DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ပို့မည့် လက်နက်ခဲယမ်းများ ဘားအံမြို့အ၀င် ဖမ်းမိ
DVB
·
December 10, 2016
ရခိုင်ပြည်နယ်ပို့မည့် လက်နက်ခဲယမ်းများ ဘားအံမြို့အ၀င် ဖမ်းမိ
1 / 2
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ လှိုင်းဘွဲ့-ဘားအံမြို့အ၀င်ဂိတ်မှာ ရခိုင်ပြည်နယ်ကို ပို့ဆောင်မယ့် လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ လှိုင်းဘွဲ့-ဘားအံမြို့အ၀င်ဂိတ်မှာ လုံခြုံရေးပူးပေါင်းအဖွဲ့တွေက မော်တော်ယာဉ်တွေကို ရှောင်တခင်စစ်ဆေးစဉ် ဒီဇင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်က လှိုင်းဘွဲ့ကနေ ဘားအံဘက်ကို ယာဉ်မောင်း သန်းနိုင် (ခ) ချစ်ကောင်း မောင်းနှင်လာတဲ့ YGN 2G/------- ပါကျဲရိုးအမျိုးအစား ခဲရောင် မော်တော်ယာဉ်ပေါ်ကနေ အခုလို ဖမ်းဆီးမိတာလို့ ဆိုပါတယ်။

ယာဉ်ပေါ်မှာ ခိုင်မိုးချမ်း(ခ)မောင်သာမြင့်  (အေအယ်လ်ပီပါတီမှ မှူးကြီးအဆင့်ရှိ)၊ ခိုင်သိန်းဦး (အေအယ်လ်ပီပါတီမှ စီးပွားရေးတာဝန်ခံ) တို့လည်း လိုက်ပါလာပြီး ယာဉ်ပေါ်မှာ AK-47 (ခေါက်ဒင်) ၁၅ လက်၊ AK-47 (ဒင်ရှည်) ၄ လက်၊ ၎င်းကျည်အိမ် အတို/အရှည် ၁၉ ခု၊ ၎င်းကျည် ၃၀၀ တောင့်၊ ငွေကျပ် သိန်း ၆၀ တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်တွေအရ ခိုင်မိုးချမ်း (ခ)မောင်သာမြင့်ဟာ မြ၀တီ-မဲဆောက်ကို ဒီဇင်ဘာ ၇ ရက်တွင်ရောက်ရှိခဲ့ပြီး ခိုင်သိန်းဦးကို ဒီဇင်ဘာ ၈ ရက်က ရန်ကုန်-မြ၀တီ-လှိုင်းဘွဲ့မှတစ်ဆင့် လော်ခီးလာကို ခေါ်ဆောင်ခဲ့ကြောင်း၊ လော်ခီးလာရှိ ရခိုင်အဖွဲ့ထံမှ အဆိုပါ လက်နက်ခဲယမ်းတွေကို ယူဆောင်ပြီး ရခိုင်ပြည်နယ်ပို့ဖို့ ထွက်ခွာလာစဉ် အခုလို ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေကို ဘားအံမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားရှိပြီး တရားဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013