DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ရခိုင်သွားရန် ကုလတောင်းဆိုမှု အင်မတန်စိတ်ပျက်ကြောင်း သမ္မတရုံးပြော
DVB
·
December 10, 2016
ဒေါ်အောင်ဆန်းစုကြည် ရခိုင်သွားရန် ကုလတောင်းဆိုမှု အင်မတန်စိတ်ပျက်ကြောင်း သမ္မတရုံးပြော
Donate to DVB

ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး ဗီဂျေးနမ်ဘီးယားရဲ့ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ကြေညာချက်ဟာ ဖြစ်ရပ်မှန်တွေကို ထင်ဟပ်ခြင်း မရှိတဲ့အတွက် အင်မတန် စိတ်ပျက်လက်ပျက် ဖြစ်ရတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ကို လိုအပ်ရင် သွားမှာဖြစ်သလို သွားချင်မှလည်း သွားမယ်၊ မသွားချင်လည်း မသွားဘူး၊ ဒါကို လာပြီး ဖိအားပေး ပြောဆိုတာကိုလည်း လက်မခံဘူးလို့ သမ္မတရုံးက တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

“နမ်ဘီးယားရဲ့ ထုတ်ပြန်ချက်မှာ ရခိုင်ဖြစ်စဉ်နဲ့ ပတ်သက်လို့ တကယ့်ဖြစ်ရပ်မှန်တွေကို သူက မျက်ကွယ်ပြုထားတယ်၊ လျစ်လျူရှုထားတယ်။ ဥပမာ အောက်တိုဘာ ၉ ရက်က နယ်ခြားစောင့်တပ်စခန်းတွေကို ၆ နေရာမှာ တချိန်တည်း၊ တပြိုင်တည်း အကြမ်းဖက် တိုက်ခိုက်တယ်။ ၃ နေရာ အောင်မြင်တယ်။ ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးတယ်။ သေနတ် ၉၀ကျော် ပါတယ်။ အဲ့ဒီလို ဖြစ်သွားတဲ့အပေါ် အစိုးရနဲ့ ရဲတပ်ဖွဲ့နဲ့ တပ်မတော်နဲ့ ပေါင်းပြီးတော့ ဆောင်ရွက်ရတာ ဖြစ်တယ်။ ဒီလိုမျိုး စတင် ဆောင်ရွက်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကို ဖော်ပြခြင်း မရှိဘူး။ ပြန်ပြီး ချုပ်လိုက်ရင်တော့ နမ်ဘီးယားရဲ့ ထုတ်ပြန်ချက်ဟာ ကုလသမဂ္ဂကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်ဖြစ်လို့ အလေးထားတယ်။ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်သွားမယ်၊ သို့သော် နမ်ဘီးယားရဲ့ ကြေညာချက်ဟာ အခြေအနေမှန်တွေကို ထင်ဟပ် ဖော်ပြခြင်း မရှိတဲ့အတွက် အတော်လေးကို စိတ်ပျက်လက်ပျက် ဖြစ်မိတယ်။”

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး ဗီဂျေးနမ်ဘီးယားက ဒီဇင်ဘာ ၈ ရက်နေ့စွဲနဲ့ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အလွန်အမင်းစိုးရိမ်ပူပန်တဲ့အကြောင်း ပြောခဲ့တဲ့ အပေါ် မြန်မာအစိုးရက တုံ့ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၉ရက်က စတင်ခဲ့တဲ့ မောင်တောအကြမ်းဖက်တိုက်ခိုက်မှုမှာ ၂လ ကြာမြင့်လာချိန်အထိ သေဆုံးသူ ၇၀ ရှိပြီး ဖမ်းဆီးစစ်ဆေးနေသူ ၅၇၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013