DVB Logo
Home
မြန်မာသတင်း
ဆေးရုံများတွင် မသန်စွမ်းနှင့် အငြိမ်းစားဝန်ထမ်းများကို ဦးစားပေးရန် ညွှန်ကြား
DVB
·
December 9, 2016
ဆေးရုံများတွင် မသန်စွမ်းနှင့် အငြိမ်းစားဝန်ထမ်းများကို ဦးစားပေးရန် ညွှန်ကြား
Donate to DVB

ဆေးရုံတွေမှာ လာရောက်ကုသတဲ့ မသန်စွမ်းသူတွေနဲ့ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းတွေကို ဦးစားပေးဆောင်ရွက်ပေးဖို့ တနိုင်ငံလုံးရှိ ဆေးရုံတွေကို ညွှန်ကြားထားတယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးမှာ မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့တာပါ။

“Handicap ဆိုတာ မျက်စိမမြင်တာ ဖြစ်နိုင်တယ်။ ခြေထောက်ကျိုးတာဖြစ်နိုင်တယ်။ သူတို့လာရင် တန်းစီစရာမလိုဘူး။ ပြင်ပလူနာဌာနမှာဖြစ်ဖြစ်၊ အတွင်းလူနာမှာပဲဖြစ်ဖြစ် တန်းစီရတယ်မို့လား ပြန်ပြီး ခေါ်ပေးရတယ်။
လုံးဝ စီစရာမရှိရ၊ ပင်စင်စားလည်း ပါတယ်။ တခြားနိုင်ငံမှာဆို စစ်ပြန်အမှုထမ်းဟောင်း အဲဒါတွေပါ အကုန်ပါတာ။ သူတို့တန်းစီစရာ မလိုဘူး။ တိုကင်ယူစရာမလိုဘူး။ အဲဒါ အကုန်အော်ဒါထုတ်ထားလိုက်ပြီ။ အဲဒါဆေးရုံတွေမှာလည်း အကုန်ကပ်မယ်။ မကပ်လို့ရှိရင် လူတွေကကျော်ဝင်တာတွေ ဖြစ်မှာကို၊ အဲဒါတွေ ထုတ်ထားလိုက်ပြီ။ ဘာကြောင့်လည်းဆို သူတို့က ဦးစားပေးရမယ့် မသန်စွမ်းဖြစ်နေတာလေ။”

ဒ့ါအပြင် ဆေးရုံတွေမှာ မသန်စွမ်းတွေအတွက် တွန်းလှည်းတွေနဲ့ အဆင်ပြေစွာ သွားလာနိုင်ဖို့ လျှောက်လှမ်းတွေ လုပ်သွားမယ်လို့ ပြောပါတယ်။

“ဆေးရုံတွေမှာလည်း Disability Friendly Hospital ဆိုတာရှိတယ်လေ။ ဆေးရုံသွားရင် လှေကားထစ်မဟုတ်ဘူး။ တွန်းလှည်းနဲ့ တွန်းလို့ရတဲ့ လျှောက်လမ်းလေးတွေ အကုန်လုပ်မှာ၊ နောက်ဆောက်တဲ့ ဆေးရုံတွေမှာ အဲဒါတွေ အကုန်ပါတော့မှာ။ အခုရှိတဲ့ ဆေးရုံတွေမှာလည်း အဲဒါမျိုးလုပ်လို့ရရင် နည်းနည်းပြင်လိုက်မယ်။ ဘာလို့လည်းဆို တွန်းလှည်းနဲ့ လာလို့ရှိရင် လှေးကားထစ်တက်ဖို့ မလွယ်ဘူးလေ။ တွန်းလှည်းကို မမှ ရမှာ။ အသာလေးတက်သွားရမယ်။ ဒါမျိုးတွေ အကုန်လုပ်မယ်။ Disability Friendly Hospital ဒါမျိုးတွေ အကုန်လုပ်နေတယ်။”

ဆေးရုံတွေမှာ သန့်ရှင်းမှုအားနည်းတာနဲ့ ပတ်သက်လို့လည်း ဆေးရုံတာဝန်ရှိသူတွေကို ကိုယ့်အိမ်၊ ကိုယ်ပိုင်ပစ္စည်းတွေလို သဘောထားပြီး လုပ်ဆောင်ကြဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတ၀န်းမှာ တာဝန်ကျတဲ့ ဆရာဝန်တွေ နေထိုင်နိုင်ဖို့ အိမ်ရာအတွက် လာမယ့်နှစ် ဘတ်ဂျက်မှာ တင်ထားတယ်လို့ ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

“ဆရာဝန်တွေနေဖို့ အိမ်ရာကို လာမယ့် နှစ်ဘက်ဂျက်မှာ အကြီးအကျယ်တင်ထားတယ်။ ၀န်ထမ်းအိမ်ရာတွေကို တပြည်လုံးအတိုင်းအတာမှာ။ ကျနော်တို့ အခု ပြဿနာတက်နေတာ ဆရာဝန်တွေ လွှတ်လိုက်ရင် မသွားချင်ဘူး။ ဘာလို့ မသွားချင်လဲဆို နေမယ့် အိမ်မရှိ။ နောက်နှစ်မှာ ဦးစားပေးကို လွှတ်တော်က မဖြတ်ဖို့ပဲ အရေးကြီးတယ်။”
မြန်မာနိုင်ငံတ၀န်းမှာ ဆေးရုံပေါင်း ၁၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013