DVB Logo
Home
မြန်မာသတင်း
ကျန်းမာရေးနှင့်မညီသည့် စားကုန်များ ထိရောက်စွာနှိမ်နင်းနိုင်ရေး စီမံချက်ရေးဆွဲရန် အဆိုတင်
DVB
·
December 9, 2016
ကျန်းမာရေးနှင့်မညီသည့် စားကုန်များ ထိရောက်စွာနှိမ်နင်းနိုင်ရေး စီမံချက်ရေးဆွဲရန် အဆိုတင်
Donate to DVB

ကျောင်းမုန့်ဈေးတန်းတွေအပါအ၀င် ဈေးကွက်အတွင်းမှာ ရောင်းချနေတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဓာတုဆိုးဆေးပါ စားသောက်ကုန်တွေ ရောင်းချနေတာကို တားဆီးနှိမ်နင်းရေးအတွက် စီမံချက်တရပ် ရေးဆွဲဆောင်ရွက်ပေးဖို့ ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ပါတယ်။

ဒီဇင်ဘာ ၉ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရွှေဘိုမဲဆန္ဒနယ်က ဒေါက်တာ အေဇင်လတ်က ကျောင်းမုန့်ဈေးတန်းတွေအပါအ၀င် မြန်မာနိုင်ငံတစ်ဝန်းရှိ ဈေးကွက်အတွင်းမှာ ရောင်းချနေတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဓာတုဆေးဝါးပါ စားသောက်ကုန်တွေ၊ စားသောက် ဖွယ်ရာများ ရောင်းချနေတာကို ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ဖို့ တာဝန်ရှိတဲ့ ဌာနဆိုင်ရာတွေ စုပေါင်းပါဝင်တဲ့ နိုင်ငံတော်အဆင့် စီမံချက်တရပ် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ပေးပါဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့တာပါ။

“ကျောင်းမုန့်ဈေးတန်းများအပါအ၀င်လို့ ထည့်သွင်းပြောရတဲ့ရည်ရွယ်ချက်က ကျမတို့ မြန်မာနိုင်ငံမှာ ရှိတဲ့ အခြေခံပညာကျောင်းမှာ စာသင်ကြားနေတဲ့ ကလေးများကို ကြည့်လိုက်မယ်ဆိုရင် ဒီနေ့ကျမတို့ ကလေးများရဲ့ သူတို့ရဲ့ အသက်အရွယ်မှာ ရှိသင့်ရှိထိုက်တဲ့ ခန္ဓာကိုယ်အလေးချိန်နဲ့ သူတို့ရဲ့ ရှိသင့် ရှိထိုက်တဲ့ အရပ်အမောင်းတွေ ရှိနေတာမျိုးမဟုတ်ဘဲနဲ့ ကျမတို့ ကလေးတွေဟာ စံမမှီတဲ့ အရပ် အမောင်းနဲ့ ကိုယ်ခန္ဓာအလေးချိန်တွေနဲ့ ကလေးသေးသေးလေးတွေဖြစ်နေတာကို ကျမတို့ လေ့လာ ကြည့်ရင်သိမြင်နိုင်ပါတယ်။ ဒီလို ဘာလိုဖြစ်နေရတာလဲဆိုရင် ဒီနေ့ ကျမတို့ကလေးများ စားသောက်တဲ့ အစားအသောက်တွေ အာဟာရတွေကို ကြည့်လိုက်တဲ့အခါမှာ သူတို့ရဲ့ အသက် အရွယ်မှာ ရသင့်ရထိုက်တဲ့ ခန္ဓာကို ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့အစာအာဟာရတွေ စားသုံး နေတာမျိုးမတွေ့ရပါဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်ကြီးထွားမှုကို အဟန့်အတားဖြစ်စေမယ့် မုန့်ပဲသရေ စာတွေ စားသောက်နေတာတွေတွေ့ရပါတယ်” လို့ ဒေါက်တာအေဇင်လတ်က ဆိုပါတယ်။
ဒီအဆိုကို ကန့်ကွက်တဲ့သူ မရှိတဲ့အတွက် လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013