DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီ ၂၄ ခုက ကိုယ်စားလှယ်လောင်း ၉၆ ဦး ၀င်ပြိုင်မည်
DVB
·
December 9, 2016
ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီ ၂၄ ခုက ကိုယ်စားလှယ်လောင်း ၉၆ ဦး ၀င်ပြိုင်မည်
Donate to DVB

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဝင်ကြမယ့် ပါတီပေါင်း ၂၄ ခုရှိပြီး ကိုယ်စားလှယ်လောင်း ပေါင်း ၉၆ ယောက် ၀င်ရောက်ယှဉ်ပြိုင်ကြဖို့ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်း က ပြောပါတယ်။

ဒီဇင်ဘာ ၇ ရက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ တင်သွင်းရမယ့် နေ့ရက် ကုန်ဆုံးချိန်မှာ ဒီစာရင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

“ပါတီအနေနဲ့ဆိုရင် ၂၄ ပါတီဗျ။ တသီးပုဂ္ဂလ ၁ ဦးနဲ့ဆိုရင်တော့ အားလုံး ၂၅ ခုပေါ့။ လူဦးရေနဲ့ ဆိုရင်တော့ ပြည်သူ့လွှတ်တော်မှာ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၅၀ တင်ထားတယ်။ အဲ့ဒီမှာ တသီးပုဂ္ဂလက ၆ ဦး ပါတယ်။ နောက် အမျိုးသားလွှတ်တော်မှာ ၁၅ ဦး တင်ထားတယ်။ အဲ့ဒီမှာ တသီးပုဂ္ဂလက ၁ ဦး ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာတော့ ၃၁ ယောက် တင်ထားတယ်။ အဲ့ဒီမှာတော့ တသီးပုဂ္ဂလက မပါပါဘူး။ စုစုပေါင်းတော့ ၉၆ ယောက် ရှိပါတယ်။”

လစ်လပ်နေရာ ၁၉ ခုစလုံး ၀င်ပြိုင်ဖို့ စာရင်းသွင်းထားတဲ့ ပါတီက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တခုပဲရှိပြီး အန်အယ်လ်ဒီက ၁၈ နေရာပဲ စာရင်းပေးထားတယ်လို့ ကော်မရှင်ရုံး ညွှန်ချုပ်က ပြောပါတယ်။

အန်အယ်လ်ဒီပါတီအတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းကတော့ ကယားပြည်နယ်ဘက်က ၀င်ပြိုင်မယ့် ကိုယ်စားလှယ်တဦး ခရီးလွန်နေလို့ နောက်ကျ စာရင်းသွင်းဖို့ ပြင်ဆင်လုပ်ဆောင်နေပြီး နေရာပြည့် ၀င်ပြိုင်မယ်လို့ ပြောပါတယ်။

ဒီဇင်ဘာ ၉ ရက် ဒီနေ့မှာ ကိုယ်စားလှယ်လောင်းအမည်စာရင်း ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်တဲ့ နောက်ဆုံးနေ့ဖြစ်ပြီး ကော်မရှင်က ဒီဇင်ဘာ ၁၂ ရက်ကနေ ၁၈ ရက်ထိ ကိုယ်စားလှယ်လောင်း စိစစ်တဲ့လုပ်ငန်းတွေကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။

လာမယ့် ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်မှာ နိုင်ငံတ၀န်း လစ်လပ်မဲဆန္ဒနယ်မြေ ၁၉ ခုမှာ ကြားဖြတ် ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

ပြည်သူ့လွှတ်တော်လစ်လပ်မဲဆန္ဒနယ် ၁၀ ခု၊ အမျိုးသားလစ်လပ်မဲဆန္ဒနယ် ၃ ခုနဲ့ ပြည်နယ်တိုင်း လွှတ်တော်လစ်လပ်နယ်မြေ ၆ ခု တို့မှာ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပသွားမှာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲမှာ ပါတီပေါင်း ၉၀ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပါတီ ၂၀ ကျော်က ကိုယ်စားလှယ်တွေပဲ အနိုင်ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013