DVB Logo
Home
မြန်မာသတင်း
သမ္မတဟောင်း ဦးသိန်းစိန် အာရှကော့စမိုပိုလီတန်ဆု ရရှိ
DVB
·
December 9, 2016
သမ္မတဟောင်း ဦးသိန်းစိန် အာရှကော့စမိုပိုလီတန်ဆု ရရှိ
Donate to DVB

မြန်မာသမ္မတဟောင်း ဦးသိန်းစိန်ကို အာဆီယံနှင့် အရှေ့အာရှဆိုင်ရာ စီးပွားရေးသုတေသနသိပ္ပံ (အီအာအိုင်အေ)က ၂၀၁၆ ခုနှစ်အတွက် အာရှကော့စမိုပိုလီတန် Grand Prize အထူးဆု ရွေးချယ်ပေးအပ်လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အသွင်းကူးပြောင်းရေးကာလမှာ ခေါင်းဆောင်မှုပေးခဲ့တဲ့အတွက် မြန်မာ သမ္မတဟောင်းနဲ့ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ဟောင်း ဦးသိန်းစိန်ကို ဆုရွေးချယ်ပေးအပ်ခဲ့တာလို့ ဆုရွေးချယ်ရေးကော်မတီက ကြေညာထားပြီး လာမယ့် ၂၀၁၇ ဇန်န၀ါရီလ ဂျပန်နိုင်ငံမှာ အခမ်းအနားနဲ့ ဆုပေးအပ်မှာဖြစ်ပါတယ်။

ဒီအဖွဲ့အနေနဲ့ နှစ်စဉ် ဆု ၃ မျိုးရွေးချယ်ပေးအပ်ရာမှာ စီးပွားရေးနဲ့ လူမှုသိပ္ပံထူးချွန်ဆုကိုတော့ ပါမောက္ခ မာဆာဟီဆာဖူဂျီတာကရရှိပြီး ယဉ်ကျေးမှုထူးချွန်ဆုကိုတော့ ဂျပန်-အီးယူချစ်ကြည်ရေးသံတမန် ဟာမန် ဗန်ရွမ်ပိုင်က ရရှိသွားပါတယ်။

ဒီဆုဟာ အရှေ့အာရှအသိုင်းအ၀န်း ငြိမ်းချမ်းတည်ငြိမ်ဖွံ့ဖြိုးအောင်၊ ဖွံ့ဖြိုးရေးကွာဟချက် နည်းသွားပါးသွားအောင် သိသာထင်ရှားစွာဆောင်ရွက်ခဲ့တဲ့ ဒေသတွင်းက လူပုဂ္ဂိုလ်တဦးချင်း ဖြစ်ဖြစ် အဖွဲ့အစည်းတွေကိုဖြစ်ဖြစ်ချီးမြှင့်တာဖြစ်ပြီး အရှေ့အာရှရဲ့ နိုဘယ်ဆုလို့လည်း တင်စားခေါ် ပါတယ်။

အာရှကော်စမိုပိုလီတန်ဆုကို အိန္ဒိယ၀န်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းလည်း ရရှိခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013