DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပယင်းကျောက်အတွင်းမှ နှစ်ပေါင်း ၉၉ သန်းကြာ သက်တမ်းရှိ ဒိုင်နိုဆောအမြီးရုပ်ကြွင်းတွေ့ရှိ
DVB
·
December 9, 2016
မြန်မာ့ပယင်းကျောက်အတွင်းမှ နှစ်ပေါင်း ၉၉ သန်းကြာ သက်တမ်းရှိ ဒိုင်နိုဆောအမြီးရုပ်ကြွင်းတွေ့ရှိ
1 / 5
Donate to DVB

မြန်မာနိုင်ငံထွက် ပယင်းကျောက်တခုတွင်းမှာ နှစ်ပေါင်း ၉၉ သန်းကြာ သက်တမ်းရှိတဲ့ ဒိုင်နိုဆောအမြီးရုပ်ကြွင်းကို တွေ့ရှိခဲ့တယ်လို့ စီအန်အန်သတင်းတပုဒ်မှာ ဒီဇင်ဘာ ၈ ရက်နေ့က ဖော်ပြပါတယ်။

ဒီရုပ်ကြွင်းပါ ပယင်းကျောက်ကို တရုတ်နိုင်ငံ ဘူမိသိပ္ပံတက္ကသိုလ် ရုပ်ကြွင်းဗေဒပညာရှင် ဒေါက်တာ လီဒါရှင်က မြန်မာနိုင်ငံမြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် ကျောက်မျက်ဈေးတခုကနေ ဝယ်ယူရရှိခဲ့တာလို့ ဆိုပါတယ်။

မြန်မာကျောက်ကုန်သည်တွေက ဒါကို ပယင်းကျောက်တွေထဲက သစ်စသစ်နတွေလို့ပဲ ယူဆခဲ့ကြဟန်တူတယ်လို့ သူက ပြောပါတယ်။

“ကျမ သိခဲ့ပါတယ်။ ဒါဟာ ကျောရိုးရှိ သတ္တဝါတကောင်ကောင်ရဲ့ ရုပ်ကြွင်းအပိုင်းအစတခု ဆိုတာကို။ သစ်ပင်အပိုင်းအစတခုထက် ပိုပါတယ်။ ဒါပေမယ့် မြန်မာကုန်သည်အနေနဲ့ မျိုးစိတ်ရုပ်ကြွင်းဆိုတာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ တကယ်သိ၊ မသိ ကျမ မသေချာပါဘူး။ သူက ဈေးကို မြှင့်မခေါ်ခဲ့ပါဘူး”လို့ စီအန်အန်သတင်းနဲ့ တွေ့ဆုံချိန်မှာ ပြောလိုက်တာပါ။

ဒီတွေ့ရှိချက်ကို ဒီဇင်ဘာလထုတ် Current Biology စာစောင်မှာ ပုံနှိပ်ဖော်ပြခဲ့တာပါ။

ကနေဒါနိုင်ငံအခြေစိုက် ရုပ်ကြွင်းဗေဒပညာရှင် ရိုင်ယန်မက်က် ကဲလားက ဒီပယင်းကျောက်ကို ရှင်က သူ့ကိုလာပြချိန်မှာ ဒါဟာ တသက်မှတခါသာတွေ့ရမယ့် တွေ့ရှိမှုဖြစ်တယ်လို့ ပြောခဲ့တာပါ။

ပယင်းကျောက်တွေထဲမှာ ဒိုင်နိုဆောတွေရဲ့ တောင်ပံရုပ်ကြွင်းတွေကို တွေ့ရှိခဲ့ဖူးပြီး အမြီးပိုင်းအရိုးရုပ်ကြွင်းအနေနဲ့ တွေ့ရတာကတော့ ဒါ ပထမဆုံး ဖြစ်တယ်လို့ သူက ပြောပါတယ်။

လက်ရှိတွေ့ရတဲ့ ပယင်းကျောက်ရဲ့ အလေးချိန်ဟာ ၆ ဒသမ ၅ ဂရမ်ရှိပြီး အတွင်းပိုင်းရုပ်ကြွင်းထဲမှာတော့ အရိုးစုအပိုင်းနဲ့ အမွေးအတောင်တွေပါ ပါဝင်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013