DVB Logo
Home
မြန်မာသတင်း
သတင်းမှား ဖော်ပြခဲ့သည့် ဒေးလီးမေလ်းသတင်းဌာနကို အစိုးရ အရေးယူမည်
DVB
·
December 9, 2016
သတင်းမှား ဖော်ပြခဲ့သည့် ဒေးလီးမေလ်းသတင်းဌာနကို အစိုးရ အရေးယူမည်
Donate to DVB

မြန်မာ့တပ်မတော်က ကလေးငယ်တဦးအား နှိပ်စက်နေကြောင်း သတင်းမှား ဖော်ပြခဲ့တဲ့ Daily Mail သတင်းဌာနကို အရေးယူသွားမယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဗြိတိန်နိုင်ငံက Daily Mail သတင်းဌာနဟာ ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီ ၃၂ မိနစ်(UK စံတော်ချိန်)က Daily Mail သတင်း Online စာမျက်နှာမှာ ကလေးငယ်တဦးကို မြန်မာ့တပ်မတော်က ရက်စက်စွာ နှိပ်စက်ညှဉ်းပန်းနေကြောင်း သတင်းမှား တပုဒ်ကို ဓာတ်ပုံတွေနဲ့အတူ ဖော်ပြခဲ့လို့ တနည်းနည်းနဲ့ အရေးယူမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Daily Mail က သတင်းမှား ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်ပြီး ဥပဒေကြောင်းအရလည်းကောင်း၊ စာနယ်ဇင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရလည်းကောင်း လေ့လာလျက်ရှိပြီး ထိုက်သင့်တဲ့ တုံ့ပြန်မှုများ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားတာပါ။

ကြောက်လန့်ငိုယိုနေတဲ့ ကလေးငယ်ကို ကျင်စက်နဲ့တို့ပြီး ရီမောနေကြပုံ ဓာတ်ပုံနဲ့ ရေးသားတင်ပြခဲ့တဲ့ အဲ့ဒီ သတင်းဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒေးလီးမေးလ်သတင်းဌာနဟာ အဲ့ဒီသတင်းကို မှားယွင်းကြောင်း အမှားပြင်ဆင်ချက် မထုတ်ဘဲ အွန်လိုင်းကနေ ပြန်ဖြုတ်ချသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တာမဟုတ်ဘဲ တခြားနိုင်ငံမှာဖြစ်ပွားခဲ့တာကို လွဲမှားစွာ အသုံးပြုပြီး သတင်းမှား ချဲ့ကားဖော်ပြခဲ့တဲ့အတွက် လက်ရှိအချိန် မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားမှုများ ပိုမို မြင့်တက်လာစေခဲ့ကြောင်း တွေ့ရှိရတယ်လို့ အစိုးရသတင်းက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013