DVB Logo
Home
မြန်မာသတင်း
ရခိုင်စုံစမ်းစစ်ဆေးကော်မရှင် နိုင်ငံတကာစံနှင့်အညီလုပ်ဆောင်မည်
DVB
·
December 8, 2016
ရခိုင်စုံစမ်းစစ်ဆေးကော်မရှင် နိုင်ငံတကာစံနှင့်အညီလုပ်ဆောင်မည်
Donate to DVB

ရခိုင်ပြည်နယ် မောင်တောအကြမ်းဖက်တိုက်ခိုက်ခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ မှန်ကန်မျှတစွာနဲ့ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်သွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့လုပ်တဲ့ ဒုသမ္မတ ဦးမြင့်ဆွေ ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့  စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ပထမအကြိမ်စည်းဝေးပွဲအပြီး သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

သမ္မတဦးထင်ကျော်အမိန့်နဲ့ ဒီဇင်ဘာ ၁ ရက်မှာ ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်ဟာ တပတ်အတွင်း ပထမဆုံးအကြိမ် စည်းဝေးခဲ့တာဖြစ်ပြီး ကော်မရှင်မှာ စစ်မှန်တဲ့ သတင်းအချက်အလက်တွေ ရရှိရေး ပူးပေါင်းဆောင်ရွက်ကြမယ်လို့ မျှော်လင့်ကြောင်းလည်းသတင်းမှာ ဖော်ပြပါတယ်။

နောင်မှာ ယခုလို အခြေအနေနဲ့ ပဋိပက္ခကို ရှောင်ရှားနိုင်ဖို့ လုပ်ဆောင်သွားရမယ့် နည်းလမ်းတွေ ဖော်ထုတ်ရာမှာ  စစ်မှန်တဲ့ သတင်း အချက်အလက်တွေ ရရှိရေးအတွက် သက်ဆိုင်တဲ့ အမျိုးသားအဆင့်နဲ့  ဒေသန္တရအဆင့်ရှိ အဖွဲ့အစည်းတွေနဲ့ ထိခိုက်ခံစားရတဲ့ လူ့ အသိုက်အ၀န်း တွေအပါအ၀င် အားလုံးပူးပေါင်း ဆောင်ရွက်ကြဖို့  ကော်မရှင်က အားထားမျှော်လင့်ကြောင်းနဲ့ ကော်မရှင်အနေနဲ့ တာဝန်ခံမှုရှိစွာ  အားသွန်ခွန်စိုက် လုပ်ကိုင်သွားမယ်လို့လည်း ကတိပေးထား ပါတယ်။

ကော်မရှင်က ထမ်းဆောင်ရမယ့် တာဝန်တွေဟာ အချိန်တို အတွင်းမှာ ကြီးမားကျယ်ပြန့်မှုရှိတာ သတိပြုမိတယ်လို့လည်းဆိုပါတယ်။

ဒုသမ္မတ ဦးမြင့်ဆွေ ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ ၁၃ ဦးပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာ မောင်တော အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေအပေါ် ဖြစ်ပွားရတဲ့ နောက်ခံ အခြေအနေတွေ၊ အဖြစ်မှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးဖို့နဲ့ နောင်အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး၊ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ဆေးသုံးသပ်ပြီး နိုင်ငံတော်သမ္မတထံ ၂၀၁၇ ဇန်န၀ါရီ ၃၁ ရက်အရောက် တိုက်ရိုက် အစီရင်ခံရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013