DVB Logo
Home
မြန်မာသတင်း
အမျိုးသားတိုးတက်ရေးပါတီ ကြားဖြတ်ရွေးကောက်ပွဲတွင် ၆ နေရာယှဉ်ပြိုင်မည်
DVB
·
December 8, 2016
အမျိုးသားတိုးတက်ရေးပါတီ ကြားဖြတ်ရွေးကောက်ပွဲတွင် ၆ နေရာယှဉ်ပြိုင်မည်
Donate to DVB

 

အမျိုးသားတိုးတက်ရေးပါတီအနေနဲ့ လာမယ့် ဧပြီလကျင်းပမယ့် ရွေးကောက်ပွဲမှာ  ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ် ကော့မှူးအပါအ၀င်  ၆ နေရာမှာ ပါဝင်ယှဉ်ပြိုင်ဖို့ရှိနေတယ်လို့ ပါတီက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ပါတီကိုယ်စားပြုယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကတော့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဦးမျိုးမောင်မောင်စိုး၊  ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာ အတွက် ဦးသဲမောင်မောင်ထက်နဲ့  မုံရွာပြည်သူ့လွှတ်တော်နေရာအတွက် ဦးညွန့်လှိုင်တို့ဖြစ်ပါတယ်။

ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၆) နေရာအတွက်တော့ ဦးသက်ထွန်း၊ ပဲခူးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၄) နေရာအတွက် ဒေါက်တာလှမိုးနဲ့ ကယားပြည်နယ် လွှတ်တော်အတွက် ဦးဆူရယ်တို့ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

အမျိုးသားတိုးတက်ရေးပါတီအနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်လှုပ်ရှားမှုတွေကို လာမယ့် ၃၀ရက်နေ့ စတင်လုပ်ဆောင်မယ်လို့ ပါတီရဲ့  အထွေထွေအတွင်းရေးမှူး ဦးအောင်ဖြိုးကျော် က ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်တို့က ကိုယ်စားလှယ်လောင်းတွေ နေရာပြည့်ဝင်မပြိုင်ဘူးလေ ကိုယ်နိုင်လောက်မယ် ထင်တဲ့ နေရာကိုဘဲ ဦးစားပေးပြီးအဓိက၀င်ပြိုင်တာပါ၊ အဲဒီနေရာတွေမှာလည်း နိုင်မဲတွေရအောင် ဘယ်လိုဆောင်ရွက်မယ်ဆိုတာ ကျနော်တို့ အသေးစိတ် ဆောင်ရွက်သွားမှာပါ။ အဲဒီအတွက် မဲဆွယ်အစီအစဉ်တွေကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ကို အချိန်နဲ့ တပြေးညီတင်ပြပြီးတော့ လုပ်သွားမှာပါ ”

ပါတီကိုယ်စားပြုကိုယ်စားလှယ်လောင်းတွေအနေနဲ့ စီးပွားရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အဓိက ဦးစားပေးထောက်ပြသွားမယ်လို့ လည်းပြောပါတယ်။

“ကျနော်တို့ပါတီကိုယ်စားပြု ၀င်ပြိုင်ပြီဆိုကတည်းက ကျနော်တို့က ပညာတတ်တွေနဲ့ ဖွဲ့စည်း ထားတယ်၊ ပညာရှိအသွင်သဏ္ဍာန်နဲ့ပဲ ကျနော်တို့က ဆောင်ရွက်သွားမယ်။ သက်ဆိုင်ရာ လစ်ဟာ နေတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဥပဒေပိုင်းကိစ္စရပ်တွေ တခြားဆောင်ရွက်နိုင်တဲ့ကိစ္စတွေကို ကျနော်တို့က လွှတ်တော်ထဲမှာလည်း ၀င်ပြီးတော့ ဆောင်ရွက်မယ်။ လွှတ်တော်ပြင်ပမှာလည်း အချို့နေရာတွေမှာ ၀င်ပြီးတော့ တင်ပြထောက်ပြမယ်။  လက်ရှိအစိုးရအနေနဲ့လုပ်နေတဲ့ ကောင်းတဲ့ ဟာမျိုးတွေကိုလည်း ထောက်ခံပေးမယ်။ လက်ခုတ်တီးပေးမယ်။ တကယ်လို့ လစ်ဟာသွားတဲ့ ဟာမျိုးတွေရှိရင်လည်း ထောက်ပြပေးမယ် အဲဒါပြည်သူလူထုကို ကိုယ်စားပြုမှာပါပဲ။”

ဒေါက်တာနေဇင်လတ်ခေါင်းဆောင်တဲ့ အမျိုးသားတိုးတက်ရေးပါတီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်ရခဲ့ခြင်းမရှိပါဘူး။ လာမယ့် ဧပြီ ၁ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၂၀ လောက်အတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013