DVB Logo
Home
မြန်မာသတင်း
စစ်ရေးတင်းမာမှုကြောင့် ပိတ်ထားသည့် မိုင်းလားနယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်
DVB
·
December 8, 2016
စစ်ရေးတင်းမာမှုကြောင့် ပိတ်ထားသည့် မိုင်းလားနယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်
Donate to DVB

 

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားဒေသမှာ စစ်ရေးတင်းမာမှုကြောင့် ပိတ်ဆို့ထားတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့က ကျင်းပတဲ့ ရှမ်းပြည်နယ်အစိုးရရဲ့ ပုံမှန်အစည်းအဝေးမှာ အစည်းအဝေး ဆုံးဖြတ်ချက်အရ မိုင်းလားနဲ့ဆက်သွယ်ထားတဲ့ လမ်းကြောင်းအားလုံးကို တရားဝင်ဖွင့်လှစ်ဖို့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်တာပါ။

အထူးဒေသ (၄) မိုင်းလားဒေသတွင်း ၀ တပ်ဖွဲ့ဝင်တွေ ၀င်ရောက်တပ်စွဲထားတဲ့အတွက် အောက်တိုဘာ ၂၃ ရက်နေ့က ကျိုင်းတုံ-မိုင်းလားနဲ့ဆက်သွယ်ထားတဲ့ ၀မ်တာပင်းဂိတ်အပြင် မိုင်းယုမြို့က နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ဆိုခဲ့တာဖြစ်ပြီးတော့ ဒီနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ တရားဝင် ပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

မိုင်းလားနဲ့ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းတွေဖြစ်တဲ့ ၀မ်တာပင်းဂိတ်အပြင် မိုင်းယုဂိတ်ဖွင့်လှစ် တာနဲ့ ပတ်သက်ပြီး ကုန်သွယ်မှုတိုးတက်ရေး နယ်စပ်ဝင်ပေါက်ထွက်ပေါက်များ ကြီးကြပ်မှု ရှမ်းပြည်နယ် အစိုးရကိုယ်စားလှယ် ဦးမင်းအောင်က "ဂိတ်တွေပိတ်ထားတော့ မိုင်းယု နမ့်လွေချောင်း တလျှောက်က တရှူးငှက်ပျော်သီးလိုမျိုးက တရားမ၀င် ကုန်သွယ်မှုတွေက ရှိနေတယ်။ နောက်ပြီး မိုင်းခတ်ဘက်က ကုန်စည်တွေသွားနေတာ ဒါကို ကျွန်တော်အနေနဲ့ ရှမ်းပြည်နယ်အစိုးရ တင်ပြ လိုက်တဲ့ နေရာမှာ ဒီဇင်ဘာ ၂ ရက်နေ့မှာ ကျင်းပတဲ့ ရှမ်းပြည်နယ်အစိုးရ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖွင့်လှစ်ပေးလိုက်တာပါ မြေပြင်မှာတော့ ဒီဇင်ဘာ ၆ ရက်နေ့မှာ ဖွင့်လှစ်ပါပြီ"လို့ ပြောပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ တရုတ်နိုင်ငံအကြား မိုင်းလားလမ်းကြောင်းကတဆင့် ကုန်သွယ်မှုဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်တန်ဖိုးရှိပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ရဲ့ စက်တာဘာလ အထိ ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃ သန်းကျော်တန်ဖိုးရှိတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း - ကိုဇက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013