DVB Logo
Home
မြန်မာသတင်း
မော်လိုက်မြို့ နှစ် ၁၀၀ ပြည့်အထိမ်းမှတ် ပြုလုပ် (ဓာတ်ပုံ)
DVB
·
December 8, 2016
မော်လိုက်မြို့ နှစ် ၁၀၀ ပြည့်အထိမ်းမှတ် ပြုလုပ် (ဓာတ်ပုံ)
1 / 7
Donate to DVB

မော်လိုက်မြို့ နှစ် ၁၀၀ ပြည့်ပွဲအထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာ ၈ ရက်နေ့ မနက် ၉ နာရီ အချိန်က မော်လိုက်မြို့မှာရှိတဲ့ အားကစားကွင်းအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။

နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာ ၈ ရက်နေ့ကနေ နိုဝင်ဘာ ၁၁ ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

"ဒီနေ့ဆိုရင် မော်လိုက်ဟာ မြို့ဖြစ်လာတာ နှစ် ၁၀၀ ပြည့်ခဲ့ပါပြီ။ ဒါကြောင့် ဒီအခမ်းအနားကို မြို့ခံ ပြည်သူတွေနဲ့ တိုင်းအစိုးရအဖွဲ့ပူးပေါင်းပြီး ကျင်းပကြတာပါ။ တခြားအစီစဉ်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကို ရက်ရှည်ကျင်းပသွားမှာ ဖြစ်ပါတယ်။ မနေ့ကလည်း ဓာတုဦးဘုန်းနဲ့အဖွဲ့လာပြီး ရာပြည့်အထိမ်းမှတ် စာပေဟောပြောပွဲပြုလုပ်ပါတယ်"လို့ မော်လိုက်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးတင်မောင်ဝင်း က ပြောပါတယ်။

ဒီနေ့ ဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေနဲ့ မြို့ခံပြည်သူများ စုစုပေါင်း လူဦးရေ ၅၀၀၀ ကျော် တက်ရောက်ခဲ့ပြီး အကမျိုးစုံနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။

မော်လိုက်မြို့ကို ခရစ်နှစ် ၁၉၁၆ ခုနှစ်က စတင်တည်ထောင်ခဲ့ကြောင်းသိရပြီး ခရိုင်အဆင့်ရှိ မြို့ တမြို့ဖြစ်ကြောင်းလည်း ဖြစ်ပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013