DVB Logo
Home
မြန်မာသတင်း
ရေးပင်လယ်ပြင်တွင် ငါးဖမ်းစက်လှေတိမ်းမှောက်၊ ရေလုပ်သား ၂ ဦးပျောက်ဆုံးနေ
DVB
·
December 8, 2016
ရေးပင်လယ်ပြင်တွင် ငါးဖမ်းစက်လှေတိမ်းမှောက်၊ ရေလုပ်သား ၂ ဦးပျောက်ဆုံးနေ
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ် ပင်လယ်ပြင်ဝါးကျွန်းရဲ့ အနောက်ဘက် ရေမိုင် ၄၀ ခန့်အကွာမှာ ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၄ နာရီခွဲအချိန်က ရာသီဥတုဆိုးရွားတဲ့အတွက် ငါးဖမ်းလှေကို ကမ်းသို့ ခုတ်မောင်းစဉ် လှိုင်းဒဏ်ကြောင့် ငါးဖမ်းလှေတစီးတိမ်းမှောက်ပြီး ရေလုပ်သား ၂ ဦး ပျောက်ဆုံးနေပါ တယ်။

ရေးမြို့နယ် ချောင်းတောင်ကျေးရွာနေ လှေပိုင်ရှင် ဦးထွေးမောင် ပိုင်ဆိုင်တဲ့ လင်းလင်းဟိန်း မျှောပိုက်ငါးဖမ်းစက်လှေမှာ ပဲ့နင်းဦးဖေစွမ်းအပါအ၀င် ရေလုပ်သား ၁၂ ဦးအနက် ၁၀ ဦးကို ရန်ကုန် ဘုံကျောင်းလှေက ကယ်ဆယ်ထားပြီး စက်လှေနဲ့အတူ ရေလုပ်သား၂ ဦး ပျောက်ဆုံးနေတာပါ။

ချောင်းတောင်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဇော် က “ချောင်းတောင်ကျေးရွာက ရေလုပ်ငန်းရှင်တွေက ဒီနေ့ မနက်ပိုင်းက သွားရောက်ပြီး  ငါးဖမ်းလှေနဲ့ ရေလုပ်သား ၂ ဦးကို စက်လှေနဲ့ လိုက်လံရှာဖွေ နေတယ်”လို့ ပြောပါတယ်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကတော့ ဘင်္ဂလားပယ်လယ်ေအာ်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ ဒါကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေက ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ အနေနဲ့  ကြိုတင်သတိပြုဖို့ အကြံပြုထားပါတယ်။

သတင်း - နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013