DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းဒေသကြီးတွင် ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်အား တိုင်ကြားမှုများကြောင့် အရေးယူ
DVB
·
December 8, 2016
ဧရာဝတီတိုင်းဒေသကြီးတွင် ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်အား တိုင်ကြားမှုများကြောင့် အရေးယူ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးမှာ ၂၀၁၆ ခုနှစ်အတွင်း ရဲတပ်ဖွဲ့ဝင်ပေါင်း ၂၀၀ ကျော်ကို တိုင်ကြားမှုတွေအပါအဝင် ရဲစည်းကမ်းဖောက်ဖျက်မှုတွေအရ အရေးယူထားတယ်လို့ ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းမင်းက ဒီဗီဘီကိုပြောပါတယ်။

အမှုဖြစ်စဉ်တွေကတော့ မမှန်မကန်စစ်ဆေးတာ၊ လာဘ်ငွေတောင်းတာ၊ လိုင်းကြေးယူတာ၊ အမှုဆင်ဖမ်းတာ၊ အမှုတွေမဖော်ထုတ်နိုင်တာ၊ တရားခံတွေကိုနှိပ်စက်ညှင်းပန်းတာ၊ အမှုတွေကို ထိန်ချန်တာ၊ လူမှုရေးဖောက်ပြန်တာ၊ အမှုတွေကျန့်ကြာအောင်စစ်ဆေးတာ၊ အမှုဖြစ်စဉ်နဲ့ ပုဒ်မ မဆီလျော်တာ၊ တရားခံအစားထိုးတာ၊ တပ်ဖွဲ့ဝင်အချင်းချင်း နှိပ်စက်တာတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေ ကို နိုဝင်ဘာ ၂၃ ရက်နေ့အထိ တိုင်ကြားထားတဲ့ အမှုပေါင်း ၁၅၇ မှုရှိပြီး ရဲအရာရှိ ၁၄၉ ဦးနဲ့ အခြားအဆင့် ၅၀ ဦးတို့ကို တိုင်ကြားတာဖြစ်တယ်လို့ ရဲမှူးကြီးထွန်းမင်းကပြောပါတယ်။

တိုင်ကြားတာတွေကြောင့် အရေးယူတာရှိသလို ရဲစည်းကမ်းဖောက်ဖျက်သူတွေကိုလည်း အရေးယူထားတယ်လို့ဆိုပါတယ်။ အပြစ်ပေးမှုတွေအနေနဲ့ ထောင်ချခံရသူ ၂၆ ဦး၊ ထုတ်ပယ်လိုက်သူ ၅ ဦး၊ ရာထူးလျော့ချခံရသူ ၁၀ ဦး၊ ရဲမှုထမ်းသက်လျှော့ချခံရသူ ၃၆ ဦး၊ နှစ်တိုးလျော့ ၁ ဦးနဲ့ မှတ်တမ်းဝင်သတိပေးခံရသူ ၁၇ ဦး၊ ပြင်းထန်စွာပြစ်တင်ရှုတ်ချခံရသူ ၄ ဦး၊ ရဲအချုပ်ချထားခြင်းခံရသူ ၅၂ ဦးရှိခဲ့ပြီး နောက်ထပ် ၇၆ ဦးကို စစ်ဆေးနေပြီး ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၂၂၇ ဦးကို စစ်ဆေး အရေးယူခဲ့တာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

သတင်း - သော်ဇင်မျိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013