ရှမ်းပြည်နယ်တွင် မိုင်းတွေ့ရှိသောကြောင့် တပ်မတော်စစ်ကြောင်းမှ ရှင်းလင်းခဲ့ရ
DVB
·
December 8, 2016
ရှမ်းပြည်နယ် လားရှိုးနဲ့ သိန်းနီကြားက ရေပူရွာအနီးမှာ မနေ့က မွန်းလွဲ ၁ နာရီခွဲလောက်က မိုင်းထောင်ထားတာတွေ့ရှိလို့ တပ်မတော်စစ်ကြောင်းက မိုင်းရှင်းလင်း ခဲ့ပါတယ်။
ရေပူရွာနားမှာ မိုင်းထောင်ထားတာကိုတွေရှိလို့ တပ်မတော်စစ်ကြောင်းက မိုင်းရှင်းလင်းရေးလုပ်ခဲ့ရတယ်လို့ မျက်မြင်ခရီးသွားပြည်သူ တွေက ဒီဗွီဘီကိုပြောပါတယ်။
မိုင်းဟာ ငပိကျော်ဘူးနဲ့ ထောင်ထားတာဖြစ်ပြီး ဘောသီး ၁၀၀ လောက်နဲ့ ထောင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
မိုင်းရှင်းလင်းရေး လုပ်နေချိန်မှာတော့ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် ညနေ ၄ နာရီလောက်မှာတော့ လမ်းပြန်ဖွင့်လိုက်ပြီဖြစ်ပါတယ်။