DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးပြန်စ (ဓာတ်ပုံ)
DVB
·
December 7, 2016
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးပြန်စ (ဓာတ်ပုံ)
1 / 10
Donate to DVB

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ ကို ဒီဇင်ဘာ ၇ ရက်နေ့ မနက် ၁၀ နာရီအချိန်က စတင်ကျင်းပနေပါတယ်။

လွှတ်တော်တက်ရောက်ခွင့်ရှိသူ ၁၀၁ ဦးရှိတဲ့အထဲက ၉၅ ဦးတက်ရောက်ပြီး ၆ ဦး ပျက်ကွက်ခဲ့ပါတယ်။

လွှတ်တော်မှာ ကတိသစ္စာမပြုရသေးတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးဖြစ်တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၃ ဦးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြု လဟယ်မြို့ မဲဆန္ဒနယ်အမှတ် ၂ မှ ဦးမောင်ကယ်တို့ ဘွတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းကျိန် ကတိသစ္စာပြုခဲ့ပါတယ်။

လွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့မှာ လွှတ်တော်ကိုယ်စားလှယ်များမှ ကြယ်ပွင့်ပြ မေးခွန်း ၁၀ ခု မေးမြန်းမှာဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကော်မတီအဖွဲ့ဝင်များ အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်း၊ တိုင်းအတွင်းရှိမြို့မြေများကို မြို့ဧရိယာ ပြန်လည်သတ်မှတ်ခြင်း၊ မြေငှားဂရမ် ချထားပေးခြင်းဆောင်ရွက်ရန် လွှတ်တော်မှာဆွေးနွေးရန်သင့်၊ မသင့်လွှတ်တော် အဆုံးအဖြတ် ရယူခြင်း၊ စစ်ကိုင်းတိုင်းအတွင်း ပညာရေးဖြစ်ပေါ်တိုးတက်မှုများကို စောင့်ကြည့်စစ်ဆေးရန် တိုင်း အဆင့် ပညာရေးလေ့လာသုံးသပ်မှုကော်မရှင် တရပ်ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးရန်သင့်၊ မသင့်လွှတ်တော်အဆုံးအဖြတ်ရယူခြင်း၊ တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းခြင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးချေးငွေနှင့် စုငွေများ ဥပဒေ မူကြမ်းကို လွှတ်တော်မှာဆွေးနွေးရန်သင့်၊ မသင့်လွှတ်တော်အဆုံးအဖြတ်ရယူခြင်း၊ တိုင်းဒေသကြီး စာကြည်တိုက်များဥပဒေ မူကြမ်းကို လွှတ်တော်မှာဆွေးနွေးရန်သင့်၊ မသင့်လွှတ်တော် အဆုံးအဖြတ်ရယူခြင်း တို့ကို စတုတ္ထပုံမှန်အစည်းအဝေးပထမနေ့မှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013