DVB Logo
Home
မြန်မာသတင်း
လက်နက်ကိုင်ပဋိပက္ခနှင့် အမျိုးသမီးများအပေါ် လူမှုစီးပွားသက်ရောက်မှု ဆွေးနွေးပွဲ ကျင်းပ
DVB
·
December 6, 2016
လက်နက်ကိုင်ပဋိပက္ခနှင့် အမျိုးသမီးများအပေါ် လူမှုစီးပွားသက်ရောက်မှု ဆွေးနွေးပွဲ ကျင်းပ
Donate to DVB

ရှမ်းပြည်နယ် တောင်ကြီးမြို့ Royal Taung Gyi Hotel မှာ လက်နက်ကိုင် ပဋိပက္ခနဲ့ အမျိုးသမီးများအပေါ် လူမှုစီးပွားသက်ရောက်မှု ဆွေးနွေးပွဲကို Internews က ဦးဆောင်ပြီး ဒီဇင်ဘာ ၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ အရပ်ဖက် လူမှုရေးအဖွဲ့အစည်းတွေနဲ့ ဒေသခံ မီဒီယာတို့ နှစ်ဖက်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

နမ္မတူဒေသ စစ်ရှောင်စခန်းမှာ စစ်ရှောင်ကလေးငယ်တွေကို စာသင်ပေးနေတဲ့ မနန်းနွံဖောင်းဟွမ် က “စစ်ဖြစ်လို့ပြေးတဲ့အထဲမှာ မိန်းကလေးတွေနဲ့ ကလေးတွေပဲ များတယ်။ အမျိုးသားတွေက ဖမ်းခံရတာ ရှိတယ်။ နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ရတာရှိတယ်။ အခု စစ်ရှောင်စခန်းက အမျိုးသမီးတွေ အများစုက ပုလဲပုတီးထိုးတာတွေ ချည်ထိုးတာတွေ စတဲ့ လက်မှုပညာတွေလည်း သင်ချင်နေကြ တယ်။ သတင်းမီဒီယာတွေနဲ့ ပတ်သက်လို့တော့ အရောက်လာပြီး မေးမြန်းဖော်ပြပေးတာ နည်းတယ်”လို့ ပြောပါတယ်။

“လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေအတွက် ကျွန်တော်တို့ နိုင်ငံမှာ စစ်ရှောင်စခန်းနဲ့ ပတ်သက်တဲ့ ဥပဒေ မူဝါဒ မရှိဘူး။ လူကယ်ပြန်တော့ ရှိတယ်။ ရှိပေမယ့်လည်း အလုပ်တွေက များနေတော့ လူမှုရေးသမားတွေနဲ့ ပေါင်းလုပ်ပေးနေရတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်း ဘာဖြစ်ဖြစ် အလှူခံနေရတာ ကြာတော့ ငြီးငွေ့မှု ဖြစ်လာတယ်။ ဒါကြောင့် အပစ်အခတ်ရပ်ပေးပါလို့ နှစ်ဖက် လက်နက်ကိုင်တွေကို တောင်းဆို ပါတယ်”လို့ ရှမ်းပြည်နယ် ငြိမ်းချမ်းရေးအလုပ်အဖွဲ့ ဒါရိုက်တာ ကိုဝင့်ထယ်ကောင်းမြတ်က ဆွေးနွေး ပြောဆိုခဲ့ပါတယ်။
ဆွေးနွေးပွဲကို ရှမ်းပြည်နယ်အပြင် အခြားပြည်နယ်အချို့က အမျိုးသမီးအရပ်ဖက်အဖွဲ့အစည်းများနဲ့ တောင်ကြီးမြို့ မီဒီယာများ၊ Internews က ပြုလုပ်ပေးတဲ့ အမျိုးသမီး မီဒီယာနဲ့ ငြိမ်းချမ်းရေးနဲ့ သတင်းသင်တန်းဆင်း သတင်းထောက်များ တက်ရောက်ခဲ့ပါတယ်။
သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013