DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်တို့တွေ့ဆုံ
DVB
·
December 6, 2016
ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်တို့တွေ့ဆုံ
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုဖီအာနန် ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့တို့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီးတွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။

ဒီကနေ့ မနက်က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပြီး တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့အနေနဲ့ နိုဝင်ဘာ ၂၉ရက်ကနေ ဒီဇင်ဘာ ၅ ရက်အထိ ခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်တွေကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အား ရှင်းလင်းတင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှု၊ လူသားချင်း စာနာမှု အကူအညီတွေဆောင်ရွက်နေမှု၊ NV ကတ် စိစစ်ထုတ်ပေးမှုနဲ့ ဒေသအတွင်း တနေရာမှ တနေရာသို့ လွတ်လပ်စွာကူးသန်းသွားလာမှုဆိုင်ရာ ကိစ္စတွေအပြင် လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေကို ပြန်လည်ရှင်းလင်းခဲ့ပြီး နိုင်ငံတကာအနေနဲ့ ဆယ်စုနှစ်များစွာကြာမြင့်နေပြီဖြစ်တဲ့ ပြဿနာ တွေကို ဖြေရှင်းဆောင်ရွက်နေရတဲ့ မြန်မာနိုင်ငံအပေါ် အချိန်ယူဆောင်ရွက်ခွင့်ပေးဖို့နဲ့ နားလည်မှုရှိဖို့ လိုအပ်ကြောင်းလည်း ရှင်းလင်း ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒီတွေ့ဆုံပွဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုး တက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီဝင်က တာဝန်ရှိသူတွေ၊ နယ်စပ်ရေးရာ နဲ့ နိုင်ငံခြားရေးဝန်ဌာနက တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013