DVB Logo
Home
မြန်မာသတင်း

ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတင်သွင်း

နေဖြိုးဝင်း
·
December 6, 2016
ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတင်သွင်း
Donate to DVB

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ရွေးကောက်ပွဲကော်မရှင်က တင်သွင်းလိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွေကို အမြဲတမ်းဖွဲ့စည်းမထားဘဲ ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်ကျမှသာ ဖွဲ့စည်းဖို့ ဥပဒေမူကြမ်းမှာ ပြင်ဆင်ထားတယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကလွှတ်တော်မှာပြောပါတယ်။
"ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို အစိုးရသက်တမ်းနဲ့အညီ အမြဲတမ်းဖွဲ့စည်းထားဖို့ မလိုအပ်ဘဲ ရွေးကောက်ပွဲတစ်ခုခု ကျင်းပဖို့ လိုအပ်မှသာ သက်တမ်းကာလသတ်မှတ်ပြီး ဖွဲ့စည်းသင့်ပါတယ်။ ဒီလိုဖွဲ့စည်းတဲ့အခါ မှာလည်း ကော်မရှင်အဖွဲ့ခွဲရဲ့ အမှန်တကယ် လုပ်ကိုင်ရတဲ့ သက်တမ်းနဲ့အညီ နိုင်ငံတော်ကကျခံရတဲ့ လစဉ်ချီးမြှင့်ငွေနဲ့ စရိတ်တို့ကို ရရှိခံစားနိုင်ဖို့ ဒီဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဆွေးနွေးနိုင်ဖို့ တင်သွင်းတာပါ။"

ဒုတိယအကြိမ်တင်သွင်းတဲ့ ဒီဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက လည်း အစီရင်ခံစာ ဖတ်ကြားခဲ့ပါတယ်။

ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဒေါ်အုန်းကြည်က "ဒီဥပဒေကို လေ့လာစိစစ်ရာမှာ ကော်မရှင် သက်တမ်းဟာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သက်တမ်းနဲ့ အညီထားတာသင့်မြတ်ပေမယ့် ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်ဟာ လွှတ်တော်သက်တမ်းတခုအတွင်း ရွေးကောက်ပွဲ တကြိမ် မတိုင်မီ ၆ လ၊ နောက်ပိုင်း ၃ လ၊ ပေါင်း ၉ လ ထက်ပိုပြီး လုပ်ငန်း ဆောင်ရွက် ရတာမရှိတာကြောင့် အဖွဲ့ဝင်တွေကို လစဉ်ချီးမြှင့်ငွေပေးအပ်တာမှာ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေ အမှန်တကယ်ကုန်ကျသင့်သလောက်ပဲ ကုန်ကျစေဖို့နဲ့ နိုင်ငံတော်အတွက် တာဝန်ယူပေးရတဲ့ နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့ ကော်မရှင်အဖွဲ့ခွဲဝင် တွေရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုပြီး ပြင်ဆင်ထား တာဖြစ်တာကို လေ့လာတွေ့ရှိ " လို့ ဆိုပါတယ်။

ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေရှိရင် အမည်စာရင်းပေးဖို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013