DVB Logo
Home
မြန်မာသတင်း
လွှတ်​တော်ထဲက မူး​ယစ်ရာဇာ အမည်ရ အစီရင်ခံစာထုတ်ပြန်
DVB
·
November 16, 2011
လွှတ်​တော်ထဲက မူး​ယစ်ရာဇာ အမည်ရ အစီရင်ခံစာထုတ်ပြန်
Donate to DVB

ရှမ်း​ပြည်မူး​ယစ်​ဆေး​ဝါး​ ​စောင့်​ကြည့်​အဖွဲ့​က​နေ လွှတ်​တော်ထဲက မူး​ယစ်ရာဇာ (Druglords in Parliament) လို့​ အမည်ရတဲ့​ အစီရင်ခံစာတစ်​စောင် ဒီက​နေ့​ ​နေ့​စွဲနဲ့​ထုတ်ပြန်လိုက်ပါတယ်။

ဒီတ​ခေါက်ထုတ်​ဝေတဲ့​ စတုတ္ထ​မြောက် အစီရင်ခံစာမှာ​တော့​ ​ရွေး​ကောက်ပွဲဝင် လွှတ်​တော်အမတ် ၇ ဦး​ ဘိန်း​စိုက်ပျိုး​ရေး​လုပ်ငန်း​နဲ့​ မဲဆွယ်မှုရှိခဲ့​တဲ့​ အ​ကြောင်း​တွေကို ဦး​စား​ပေး​ ​ဖော်ပြခဲ့​တယ်လို့​ မူး​ယစ်​ဆေး​ဝါး​စောင့်​ကြည့်​ ​လေ့​လာ​ရေး​အဖွဲ့​ ဥက္ကဋ္ဌ ဦး​ခွန်း​ဆိုင်က ​ပြောပါတယ်။

“ပြီး​ခဲ့​တဲ့​နှစ်မှာ ​ရွေး​ကောက်ပွဲ ဖြစ်တဲ့​အခါကျ​တော့​ မဲဆွယ်မှု​တွေ ရှိတယ်။ ဒီမဲဆွယ်မှု​တွေထဲမှာ ဘိန်း​စိုက်ပျိုး​မှုနဲ့​ ပတ်သက်ပြီး​တော့​မှ အခွင့်​အ​ရေး​ပေး​ဖို့​ မဲဆွယ်တာ​တွေ ရှိခဲ့​တယ်။ မဲဆွယ်ပြီး​တော့​မှ ​နောက်ပိုင်း​ တကယ်တမ်း​ ​ရွေး​ကောက်ပွဲဖြစ်ပြီး​တော့​ အနိုင်ရတဲ့​အခါကျ​တော့​ ဘိန်း​စိုက်ပျိုး​မှုက ပိုပြီး​တော့​တိုး​တက်လာတယ်ဆိုတာကို တင်ပြထား​ပါတယ်။”

ရှမ်း​ပြည်​မြောက်ပိုင်း​ နမ့်​ခမ်း​မြို့​နယ်၊​ ကွတ်ခိုင်မြို့​နယ်၊​ မိုင်း​ပေါ့​နဲ့​ ​လောက်ကိုင်​ဒေသ ကိုး​ကန့်​ဒေသက အမျိုး​သား​လွှတ်​တော်အမတ် ၁ ဦး​၊​ ပြည်သူ့​လွှတ်​တော်အမတ် ၂ ဦး​၊​ ပြည်နယ်လွှတ်​တော်အမတ် ၄ ဦး​တို့​ဟာ ၂၀၁ဝ​ရွေး​ကောက်ပွဲ ကာလ​တွေတုန်း​က ပြည်​ထောင်စုကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ပါတီက​နေ အမတ်​နေရာရဖို့​အတွက် ​ဒေသခံပြည်သူ​တွေကို ဘိန်း​စိုက်ပျိုး​ခွင့်​ ​ပေး​မယ်လို့​ပြောပြီး​ မဲဆွယ်ခဲ့​ပါတယ်။

အာဏာရပြီး​တဲ့​အခါမှာလည်း​ ဘိန်း​စိုက်ပျိုး​တဲ့​သူ​တွေဆီက​နေ အခွန်​ငွေ​တွေယူသလို ကိုယ်တိုင်လည်း​ လုပ်ငန်း​တွေမှာ သွယ်ဝိုက်ပြီး​ ပတ်သက်​နေပါတယ်။ ဒါ​ကြောင့်​ ​ဒေသထဲမှာ အရင်နှစ်ထက် ဘိန်း​အထွက်တိုး​နှုန်း​မြင့်​မား​ပြီး​ လူငယ်လူရွယ်​တွေ ကြား​မှာလည်း​ မူး​ယစ်​ဆေး​ဝါး​သုံး​စွဲမှု​တွေ များ​ပြား​လာတယ်လို့​ အဲဒီအစီရင်ခံစာထဲမှာ ​ဖော်ပြထား​ပါတယ်။

ဦး​ခွန်း​ဆိုင်က ရှမ်း​ပြည်နယ်ထဲက “မူး​ယစ်​ဆေး​ဝါး​ တိုး​ပွား​မှုပြသနာဟာ တိုင်း​ပြည်က နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​ပြသနာ​တွေ အ​ပေါ်မှာမူတည်ပြီး​ဖြစ်လာရတယ်၊​ နိုင်ငံ​ရေး​ မတည်ငြိမ်​တော့​ တိုင်း​ရင်း​သား​လက်နက်ကိုင် တိုက်ပွဲ​တွေဖြစ်တယ်။ ဒါ​တွေနဲ့​ ဆက်နွှယ်ပြီး​ မူး​ယစ်​ဆေး​ဝါး​နဲ့​ မပတ်သက်ချင်လည်း​ ပတ်သက်​နေရတာ ရှိတယ်။ မူး​ယစ်​ဆေး​ဝါး​လုံး​ဝ ပ​ပျောက်ဖို့​အတွက် အကြမ်း​ဖက်နှိမ်နင်း​ နည်း​မသုံး​ဘဲ နိုင်ငံ​ရေး​တည်ငြိမ် ငြိမ်း​ချမ်း​မှုရှိ​အောင် အစိုး​ရက ကြိုး​စား​သင့်​တယ်လို့​ ဆက်​ပြောပါတယ်။

လွှတ်​တော်ထဲက မူး​ယစ်ရာဇာလို့​ အမည်​ပေး​ထား​တဲ့​ ဒီအစီရင်ခံစာနဲ့​ ပတ်သက်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲကို ထိုင်း​နိုင်ငံ ချင်း​မိုင်မြို့​မှာ ဒီက​နေ့​ မနက် ၁ဝနာရီက​နေ မွန်း​တည့်​ ၁၂ နာရီအထိ ပြုလုပ်ခဲ့​ပါတယ်။

ရှမ်း​ပြည်မူး​ယစ်​ဆေး​ဝါး​စောင့်​ကြည့်​ရေး​အဖွဲ့​ဟာ ၂၀၀၃ ခုနှစ်ကစပြီး​ မူး​ယစ်​ဆေး​ဝါး​နဲ့​ ပတ်သက်တဲ့​ အစီရင်ခံစာ​တွေ အလျဉ်း​သင့်​သလို စု​ဆောင်း​တင်ပြခဲ့​တာမှာ အစိုး​ရက​ကြေညာထား​တဲ့​ မူး​ယစ်​ဆေး​ဝါး​ပ​ပျောက်​ရေး​ ၁၅ နှစ်စီမံကိန်း​ပေါ် အ​ခြေခံပြီး​ ရှမ်း​ပြည်ထဲက ဘိန်း​စိုက်ပျိုး​ထုတ်လုပ်မှု အ​ခြေအ​နေ​တွေကို တင်ပြခဲ့​တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013