DVB Logo
Home
မြန်မာသတင်း
၆၆ ဃဖြင့် ဖမ်းဆီးခံထားရသည့် ဂျာနယ်သတင်းထောက်အာမခံရရှိ
DVB
·
December 6, 2016
၆၆ ဃဖြင့် ဖမ်းဆီးခံထားရသည့် ဂျာနယ်သတင်းထောက်အာမခံရရှိ
Donate to DVB

နေပြည်တော်အခြေစိုက် New Watch ဂျာနယ် သတင်းထောက် ဦးမောင်မောင်ထွန်းကို ဆက်သွယ်ရေးပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆို ဖမ်းဆီးထိန်းသိမ်းထားရာကနေ ဒီဇင်ဘာ ၅ ရက်ညနေက ကြားဖြတ် အာမခံရပေးပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။

"ကျန်းမာရေး ကြောင့်ပါ။ ကျန်းမာရေးအဆင်မပြေလို့ အာမခံ ရတာပါ။ ရုံးချိန်းက ၁၃ ရက်ပါ" လို့ ဦးမောင်မောင်ထွန်းက အာမခံနဲ့လွတ်မြောက်လာချိန်မှာ ပြောပါတယ်။

အာမခံနဲ့ပတ်သက်ပြီး ပျဉ်းမနားရဲစခန်းမှူး ဦးတင်ဌေး က "အာမခံပေးလိုက်တယ်ဆိုတာ နှစ်ဦးနှစ်ဘက် အပြန်အလှန်အမှုက ကျေနပ်လို့ ကြေအေးလို့။ ဦးမောင်မောင်ထွန်းရဲ့ ကျန်းမာရေး အခြေအနေကလည်းရှိတော့ တရားသူကြီးက အာမခံပေးလိုက်တာပါ။ အမိန့်မဟုတ်ဘူး။ ကြားဖြတ် အာမခံပေး လိုက်တာပါ" လို့ ပြောပါတယ်။

ဦးမောင်မောင်ထွန်းကို ကြေးမုံသတင်းထောက် ဦးဇော်မင်းအောင်က လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုရေးသားဖော်ပြမှုနဲ့ ပတ်သက်ပြီး ပျဉ်းမနားမြို့မရဲစခန်းမှာ ဦးဇော်မင်းအောင်က ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ ( (ပ)၅၇၄ /၂၀၁၆)အရေးယူဆောင်ရွက်ပေးရန်ဖို့ အမှုဖွင့်တိုင်ကြားခဲ့တာပါ။

ဦးမောင်မောင်ထွန်းဟာ ၂၀၁၆ဇူလိုင် ၃၀ ရက်ထုတ် ကြေးမုံသတင်းစာမှာဖော်ပြတဲ့ မြို့မဈေးနဲ့ ပတ်သက်ပြီး သတင်းထောက်တဦးရဲ့တွေဆုံမေးမြန်းခန်းဖော်ပြမှုဟာ လက်တွေ့နဲ့ ကိုက်ညီမှု မရှိတဲ့အကြောင်းကို မြို့မထွန်း နာမည်နဲ့ Tomorrow ဂျာနယ်မှာ သတင်းဆောင်းပါး တပုဒ်ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီဆောင်းပါးကို သခင်ညိုမှိုင်း (Facebook) အကောင့်မှာ ပြန်ကူးယူဖော်ပြခဲ့တာကြောင့် ဆက်သွယ်ရေးပုဒ်မနဲ့ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ - အောင်ကိုကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013