Home
မြန်မာသတင်း
မုံးကိုးမြို့တွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
DVB
·
December 6, 2016
15385332_1147531505367713_5172927375141158909_o
15369101_1147531622034368_475978007482858300_o
15326406_1147531702034360_653532800861057372_n
15326390_1147531605367703_8262904143567874938_n
15326087_1147531488701048_7251947167364952248_o
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မုံးကိုးမြို့ အမှတ် ၂ ရပ်ကွက်ရှိ နေအိမ် တစ်လုံးကို ၀င်ရောက်ရှင်းလင်းစဉ် လက်​နက်​ကိုင်​အဖွဲ့တွေ ကျန်ရစ်ခဲ့တဲ့ လက်နက်၊ ကျည်ဆန်နဲ့ လက်ပစ်ဗုံးတွေ သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၄ ရက် ညနေက စစ်ကူ ရောက်လာတဲ့ တပ်မတော်စစ်ကြောင်းတွေက မုံးကိုးမြို့လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းစဉ်မှာ မနေ့က အာပီဂျီ ၁ လက်၊ အမ် ၂၂ သေနတ် ၃ လက်၊ ကျည်အိမ်မျိုးစုံ ၁၄ ခု၊ လက်ပစ်ဗုံး ၆ လုံးနှင့် မိုင်း ၁ လုံးတို့ကို သိမ်းဆည်း ရမိခဲ့တာလို့ဆိုပါတယ်။ မုန်းကိုးတိုက်ပွဲအပြီး ဒီဇင်ဘာ ၄ ရက်မှ ဒီနေ့အထိ လက်နက်မျိုးစုံ ၂၂ လက်၊ ကျည်မျိုးစုံ ၃၀၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၄ ခု၊ လက်ပစ်ဗုံး ၆ လုံး၊ မိုင်း ၁ လုံးနှင့် အလောင်းတချို့ တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024