DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့လယ်ခေါင် ညီအကိုချင်းသတ်မှု၊ ၄၈ နာရီအတွင်း ဖမ်းဆီး
DVB
·
December 5, 2016
မြိတ်မြို့လယ်ခေါင် ညီအကိုချင်းသတ်မှု၊ ၄၈ နာရီအတွင်း ဖမ်းဆီး
Donate to DVB

မြိတ်မြို့၊ နောက်လယ်ရပ်၊ ၃-လမ်းမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုမှာ ညီဖြစ်သူမှ အစ်ကိုအရင်းကို သတ်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေက ၄၈ နာရီအတွင်း မြိတ်မြို့မရဲစခန်းက အမှုဖော်ထုတ် နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့က မြိတ်မြို့၊ နောက်လယ်ရပ်၊ ၃ လမ်း၊ နေအိမ်အပေါ်ဆုံးထပ်မှာ ဖြစ်ပွားခဲ့တဲ့လူသတ်မှုဟာ မြို့လူထုကြား စိတ်ဝင်စားမှု အလွန်များပြားခဲ့ပါတယ်။

လူသတ်မှုဖြစ်စဉ်အား ရဲတပ်ဖွဲ့ဝင်တွေက ရှာဖွေစုံစမ်းရာမှာ လူသတ်တရားခံဟာ အတွင်းစည်း ဖြစ်နေတယ်လို့ စုံစမ်းသိရှိရပြီး မိသားစုတွေကို ခေါ်ယူစစ်ဆေးရာမှာ တောကျောင်းပရိယတ္တိ စာသင်တိုက်မှာ သီတင်းသုံးနေသော ညီဖြစ်သူ မင်းကို (၃၆-နှစ်)မှာ အစ်ကိုဖြစ်သူ ကျော်မင်းကို လူသတ်မှုကျူးလွန်ခဲ့တယ်လို့ မြိတ်မြို့မရဲစခန်းက ဖော်ထုတ် စစ်ဆေးနိုင်ခဲ့ပါတယ်။

မင်းကိုမှာ ရေကန်အော်ကျေးရွာမှ မြိတ်မြို့သို့ နိုဝင်ဘာ ၂၉ ရက်နေ့ကရောက်ရှိပြီး အိမ်ထောင်ရေးအဆင်မပြေတဲ့အတွက် တောကျောင်းပရိယတ္တိစာသင်တိုက်မှာ ဘုန်းကြီးဝတ်နေ ကြောင်း သိရပြီး လူသတ်မှုဖြစ်ပွားတဲ့နေ့မှာ မင်းကိုက အစ်ကိုဖြစ်သူ ကျော်မင်းကို မနက်စာစားဖို့ လာရောက်ခေါ်ယူစဉ် အစ်ကိုဖြစ်သူမှ ၄င်းအသုံးပြုနေတဲ့ ဖုန်းကို ဘေးကိုပစ်ချပြီး မွေ့ရာအောက် အသင့်ရှိနေတဲ့ဓားနဲ့ မင်းကို ကို ခုတ်တဲ့အတွက် မင်းကိုမှ လုံးထွေးသတ်ပုတ်ရင်း ဓားနဲ့ ထိုးမိကြောင်း မြိတ်မြို့မရဲစခန်းမှာ ဝန်ခံထွက်ဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူ မင်းကိုရဲ့လက်မှာ ပြတ်ရှဒဏ်ရာ တွေ့ရှိတဲ့အတွက် ခေါ်ယူစစ်ဆေးမေးမြန်းရာမှ အမှုမှန်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားချိန်မှစပြီး အမှုမှန်ပေါ်ပေါက်ချိန်ထိ ၄၈ နာရီသာ ကြာမြင့်ခဲ့ကာ အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြို့မရဲစခန်းမှ ပြစ်မှုကျူးလွန်သူ မင်းကို ကို (ပ)၂၂၄၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ (၃၀၂)အရ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013