DVB Logo
Home
မြန်မာသတင်း
ဆင်ခိုးဂိုဏ်းဝင် ၁ ဦးကို တူမီးသေနတ် ၂ လက်ဖြင့် ထပ်မံဖမ်းမိ
DVB
·
December 5, 2016
ဆင်ခိုးဂိုဏ်းဝင် ၁ ဦးကို တူမီးသေနတ် ၂ လက်ဖြင့် ထပ်မံဖမ်းမိ
Donate to DVB

တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ချောင်းစောက်ကျေးရွာအုပ်စုမှ အုပ်ချူပ်ရေးမှူး ပါဝင်တဲ့ ဆင်ခိုးဂိုဏ်အဖွဲ့ကို ဒီဇင်ဘာ ၁ ရက်နေ့က ၆ ဦးဖမ်းစီးခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ဒီဇင်ဘာ ၄ ရက်နေ့မှာ တရားခံ ၁ ဦးကို ဆင်သားခြောက်တွေ၊ တူမီးသေနတ် ၂ လက်တို့နဲ့အတူ ထပ်မံဖမ်းဆီးရမိတယ်လို့ ဥက္ကံနယ်မြေ ရဲစခန်းမှ ဒုရဲအုပ်လှိုင်ဝင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

ဒီဇင်ဘာ ၄ ရက် နေ့လယ်အချိန်မှာ ကျောက်ပြင်သာကျေးရွာနေ ဂျစ်တူး (ခ) ဇော်လင်းဦး (၂၅) နှစ် တရားခံဦးဖိုးလုံးရဲ့ ခြံအတွင်း ဗူးစင်ပေါ်မှာ ကော်ဘူးအဖြူနဲ့ ထည့်ထားတဲ့ ဆင်သားခြောက် ၁ ပိသာ ၅၀ သားလောက်နဲ့ တရားခံ သန်းလင်း (၅၀ နှစ်)နဲ့ မအူခုံကျေးရွာနေထိုင်သူရဲ့ ဖော်ထုက်ချက်အရ တူမီးသေနတ် ၂ လက်ကို ဖမ်းဆီးရမိခဲ့တာပါ။

တရားခံသန်းလင်းကို (ပ) ၂၀၈/၂၀၁၆ တောရိုင်းတိရိစ္ဆာန်နှင့်အပင်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇(က)အပြင် လက်နက်ဥပဒေ ပုဒ်မ၁၉(စ)နဲ့ပါ တရားစွဲထားပြီး ကျန်ရှိနေသေးတဲ့ တရားခံတွေနဲ့ သက်သေခံပစ္စည်းတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်လို့ ဥက္ကံနယ်မြေ ရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။

တိုက်ကြီးမြို့နယ်အတွင်း ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း ရေဒီယိုကော်လာတပ်ဆင်ထားတဲ့ တောဆင်ရိုင်းတကောင်အပါဝင် တောဆင်ရိုင်း ၉ ကောင် အသတ်ခံရပြီး အခုဖမ်းစီးရမိတဲ့ တရားခံတွေမှာ နိုဝင်ဘာ ၇ ရက်နေ့က ချောင်းအတွင်းမျောပါလာတဲ့ ဆင်ဦးခေါင်းပြတ်နဲ့ပတ်သက်တဲ့ ဆက်စပ် တရားခံတွေ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တောဆင်ရိုင်းအသတ်ခံရတာတွေက ကာကွယ်ဖို့အတွက် အစိုးရက လျှပ်စစ်ခြံစည်းရိုးခတ်ခြင်းတွေနဲ့ အသိပညာပေးဟောပြောပွဲတွေပြုလုပ်ပြီး မြန်မာနိုင်ငံဟာ တောဆင်ရိုင်းအများဆုံးနိုင်ငံဖြစ်ပြီး တောဆင်ရိုင်းတိရိစ္ဆာန်များနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေး ဥပဒေ(၁၉၉၄)အရ ဆင်တွေကို လုံးဝကာကွယ်ထားတဲ့ တိရိစ္ဆာန်တွေ စာရင်းမှာ ထည့်သွင်းဖော်ပြ ထားပါတယ်။

နိုင်ငံတော်အနေနဲ့ တောဆင်ရိုင်းဘေးမဲ့တောစုစုပေါင်း ဧရိယာ ၉၂၀၅ ဒသမ ၀၄ စတုရန်းမိုင် ထားရှိကြောင်း ဆင်တွေနဲ့ပတ်သက်ပြီး သြစတေးလျနိုင်ငံ အခြေစိုက် INGO အဖွဲ့မှ မြန်မာ့ သစ်လုပ်ငန်းတွေရှိ ဆင်အို၊ ဆင်နာ၊ ဆင်ငယ်များပြုစုစောင့်ရှောက်ဖို့အတွက် နှစ်ရှည်စီမံကိန်းတွေ ပြုလုပ်ဖို့နဲ့ MOU ရေးထိုးဖိုတို့အတွက် ဆောင်ရွက်ထား သိရပါတယ်။
သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013