DVB Logo
Home
မြန်မာသတင်း
အဆိုတော်မွန်းအောင်၏ ငြိမ်းချမ်းရေးမိုးစက်များ တေးစီးရီးသစ်ထွက်တော့မည်
DVB
·
December 5, 2016
အဆိုတော်မွန်းအောင်၏ ငြိမ်းချမ်းရေးမိုးစက်များ တေးစီးရီးသစ်ထွက်တော့မည်
Donate to DVB

တေးသံရှင်မွန်းအောင်ရဲ့ ဖြတ်သန်းခဲ့တဲ့ခေတ်ကိုထင်ဟပ်မယ့် “ငြိမ်းချမ်းရေးမိုးစက်များ”တေး စီးရီးသစ်ကို လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ စတင်ဖြန်ချိတော့မှာဖြစ်ပါတယ်။

၁၉၈၀ နှောင်ပိုင်းကာလမှာ မြန်မာ့ဂီတလောကမှာထင်ရှားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ခဲ့သလို ၈၈၈၈ အရေးတော်ပုံ အပြီးမှာလည်း ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးတေးသီချင်းသံတွေနဲ့ လူသိများခဲ့တဲ့ တေးသံရှင်မွန်းအောင်ဟာ ၂၈ နစ်တာကာလအကြာမှာ မြန်မာပြည်ကို ပြန်လာပြီး ခုလို သီချင်းတွေ ပြန်လည်သီဆိုဖြန့်ချိလာတာပါ။

ငြိမ်းချမ်းရေးမိုးစက်များလို့ နာမည်ပေးထားတဲ့ ဒီစီးရီးမှာ သီဆိုသူနဲ့တေးရေးဆရာတို့ရဲ့ ဖြတ်သန်းခဲ့တဲ့ ခေတ်ရဲ့ပုံရိပ်တွေနဲ့အတူ ပြည်သူတွေရဲ့မျှော်လင့်ချက်နဲ့ ခွန်အားတွေပါလာမယ်လို့ ကိုမွန်းအောင်က ပြောပါတယ်။
ဒါ့ပြင် ၂၈ နစ်တာကာလအကြာမှ မြန်မာနိုင်ငံမှာ သီချင်းခွေပြန်လည်ထုတ်ဝေတဲ့နေရာမှာ အနုပညာ လွတ်လပ်ခွင့်ပိုရလာတယ်လို့လည်း တေးသံရှင်မွန်းအောင်က ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီစီးရီးမှာ တေးရေး ကိုရဲလွင်၊ ကိုနေ၀င်း၊ ကိုအောင်ဝင်းနဲ့ ကိုမွန်းအောင်တို့ ရေးသားတဲ့ အလင်းနေ့၊ ငြိမ်းချမ်းရေးမိုးစက်များ၊ ထင်းခွေမကြုံရေခပ်ကြုံမယ်၊ မဆုံးတဲ့ခရီးသို့ ရှေ့ခြေတလှမ်း၊ ဒို့ပြန်လာမယ်၊ Share My Love, Peace and Harmony၊ ယုံ၊ မဖူးဖြစ်တဲ့ဘုရားမှာတောင်းမိတဲ့ဆု၊ ညရဲ့ သမီးတော်၊ ပန်းရဲ့လမ်းနဲ့ သမိုင်းည စတဲ့ သီချင်း ၁၂ ပုဒ်ပါဝင်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အဆိုတော်မွန်းအောင်၏ ငြိမ်းချမ်းရေးမိုးစက်များ တေးစီးရီးသစ်ထွက်တော့မည်