DVB Logo
Home
မြန်မာသတင်း
ခမီတိုင်းရင်းသားများ နှစ်သစ်ကူးပွဲတော် (ဓာတ်ပုံ)
DVB
·
December 5, 2016
ခမီတိုင်းရင်းသားများ နှစ်သစ်ကူးပွဲတော် (ဓာတ်ပုံ)
1 / 19
Donate to DVB

ရခိုင်ပြည်နယ်အတွင်းက ခမီတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

တောင်ယာလုပ်ငန်းခွင်သိမ်းပြီးလို့ နေရပ်ကျေးရွာကို မိသားစုအားလုံး ပြန်လည်ရောက်ရှိတဲ့ အလုပ်အကိုင်အားလပ်ချိန်မှာ နှစ်သစ်ကူးပွဲတော်ကို ကျင်းပကြတာပါ။

ဘူးသီးတောင်မြို့နယ်မှာတော့ ခမောင်းချောင်းအုပ်စု လောင်းချောင်းရွာမှာ ကျင်းပခဲ့ပါတယ်။

အဝေးရောက်နေတဲ့ မိသားစု ဆွေမျိုးသားချင်းတွေ ပြန်လည်ဆုံဆည်းဖို့၊ နှစ်သစ်မှာ ပျော်ရွှင်ကြစေဖို့၊ ဖူးစာဘက် ချစ်သူအချင်းချင်း တွေ့ဆုံပြီး တိုင်ပင်နိုင်ကြဖို့၊ သက်ကြီး ဘိုးဘွားတွေဆီက ဆုတောင်းမေတ္တာနဲ့ သြ၀ါဒစကားတွေ နာခံကြဖို့အတွက် ရိုးရာဓလေ့အတိုင်း ပြုလုပ်တာပါ။

ဒီအုပ်စုထဲမှာ အသက်အကြီးဆုံး အဘိုး၊ အဘွားတွေက ဦးဆောင်ရတယ်၊ သူတို့မှာတဲ့အတိုင်း လိုက်နာကြရတယ်လို့ လောင်းချောင်းရွာက ခမီတိုင်းရင်းသား ကိုမောင်ကျော်ခိုင်က ပြောပါတယ်။

ဒီပွဲတော်မှာ တောင်တန်းနေ ခမီတိုင်းရင်းသားတွေရဲ့ ရိုးရာ တူရိယာတွေကို တီးခတ်ပြီး ကခုန်တာ၊ လှူဒါန်းတာ၊ သက်ကြီးပူဇော်တာ၊ ဧည့်ခံကျွေးမွေးတာ စတာတွေကို လုပ်ကြပါတယ်။

ခမီတိုင်းရင်းသားတွေဟာ ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေထဲက တောင်တန်းတွေမှာ နေထိုင်ကြပြီး တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြသူတွေ ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုအောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013