DVB Logo
Home
မြန်မာသတင်း
အသက်ငယ်သူများ အဓမ္မကျင့်ခံရမှု ယခင်ထက် သိသိသာသာမြင့်တက်
DVB
·
December 4, 2016
အသက်ငယ်သူများ အဓမ္မကျင့်ခံရမှု ယခင်ထက် သိသိသာသာမြင့်တက်
1 / 12
Donate to DVB

အသက် ၁၆ နှစ်အောက် ကလေးသူငယ်တွေကို အဓမ္မကျင့်ခံရတာနဲ့ ကလေးငယ်တွေကိုယ်တိုင် အဓမ္မ ကျင့်တာဟာ ဒီ ၃ နှစ်အတွင်းမှာ သိသိသာသာမြင့်တက်လာပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသမီးများ၏ တရားမျှတမှု မြှင့်တင်ခြင်းနှင့် ဥပဒေ၊ မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာနက ရဲမှူးကြီး အောင်စိုးဝင်းက တင်ပြခဲ့တာပါ။

၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ အောက်တိုဘာလအထိ အသက် ၂ နှစ်က ၁၆ နှစ်အထိ ကလေးငယ် အဓမ္မကျင့်ခံရမှုပေါင်း ၁၁၈၄ မှု ရှိခဲ့ပါတယ်။ ဒီထဲမှာ အသက် ၂ နှစ်ကနေ ၅ နှစ်အထိက ၅၂ မှု၊ အသက် ၆ နှစ်က ၁၃ နှစ်အထိ ၅၆၇ မှု ရှိခဲ့ပါတယ်။ အသက် ၁၄ နှစ်ကနေ ၁၆ နှစ်အထိကတော့ ၂၀၁၄ ခုနှစ်မှာ ၁၁၃ မှု ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ၁၂၉ မှုနဲ့ ၂၀၁၆ ခုနှစ်မှာ ၃၂၃ မှု တိုးလာခဲ့တာပါ။

ကျူးလွန်သူအနေနဲ့လည်း အသက် ၁၆ နှစ်အောက် ကလေးသူငယ်တွေက ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ၅၅ မှု ကျူးလွန်ခဲ့ပါတယ်။ အသက် ၁၈ နှစ်အထိ လူငယ်တွေက ၂၀၁၄ ခုနှစ်မှာ ၂၈ မှု၊ ၂၀၁၅ ခုနှစ်မှာ ၂၄ မှုနဲ့ ၂၀၁၆ ခုနှစ်မှာ ၄၇ မှု ကျူးလွန်ခဲ့ပါတယ်။ အသက် ၁၉ က အသက် ၅၀ အထိအရွယ်တွေကတော့ ၂၀၁၄ ခုနှစ်မှာ ၂၅၂ မှု၊ ၂၀၁၅ ခုနှစ်မှာ ၂၆၁ မှုနဲ့ ၂၀၁၆ ခုနှစ်မှာ ၄၂၈ မှု ကျူးလွန်ခဲ့ကြတာပါ။

ဒါနဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို ပြစ်ဒဏ်များများချဖို့ တောင်းဆိုနေတာတွေ ရှိပေမယ့် အမျိုးသား လွှတ်တော်ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီက ဒေါက်တာ တင်တင်ဝင်းက “ ဘယ်လို ပြစ်ဒဏ်ပဲချချ ကျူးလွန်ခံရသူအနေနဲ့က အစားပြန်မရနိုင်တော့ဘူးလေ။ ကြိုတင် ကာကွယ်တာကို အများကြီးလုပ်ဖို့ လိုပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီအမှုတွေမှာ ဖခင်အရင်းက ကျူးလွန်တာ ၅၄ မှု၊ ပထွေးက ကျူးလွန်တာ ၆၂ မှု၊ ဆွေမျိုးက ကျူးလွန်တာ ၉၃ မှုနဲ့ သူစိမ်းက ကျူးလွန်တာ ၉၇၅ မှု ရှိပါတယ်။ အမှုအများဆုံးဖြစ်တဲ့ ဒေသတွေကတော့ ရန်ကုန်၊ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီက ဥက္ကဋ္ဌ ဒေါက်တာ မြသောင်းက “ပညာပေးတာတွေ လုပ်ရမယ်။ ကြိုတင်ကာကွယ်ဖို့လည်း လိုတယ်။ ဒါပေမယ့် အမှုတွေ ပျောက်သွားနိုင်သေးတာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အိမ်တွင်းအကြမ်းဖက်ခံရတာတွေရှိနေလို့ပါ” လို့ပြောပါတယ်။

လက်ရှိမှာတော့ အမျိုးသမီးများ အကြမ်းဖက်ခံရမှု ကာကွယ်တားဆီးရေး ဥပဒေကြမ်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ရေးဆွဲနေပြီး လွှတ်တော်ကိုတင်ပြနိုင်တော့မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ဒေါက်တာမြသောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013