DVB Logo
Home
မြန်မာသတင်း
သေနတ်ပစ်ခံရမှုကြောင့် သေဆုံးခဲ့သူ၏အလောင်းကို သယ်ပြီး ဆန္ဒပြ (ရုပ်သံ)
DVB
·
December 4, 2016
သေနတ်ပစ်ခံရမှုကြောင့် သေဆုံးခဲ့သူ၏အလောင်းကို သယ်ပြီး ဆန္ဒပြ (ရုပ်သံ)
Donate to DVB

စွန့်ပစ်မြေစာပုံမှာ ရေမဆေးကျောက် ရှာဖွေသူတဦး သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားတာကို မကျေနပ်လို့ ရေမဆေးကျောက်သမားတွေက အလောင်းသယ်ဆောင်ကာ ကုဋေကျေးရွာနဲ့ မှော်စီစာကျေးရွာတွေမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကုဋေကျေးရွာအနီး အဲဗားကျောက်မျက်တူးဖော်ရေး ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံမှာ ဒီဇင်ဘာ ၃ ရက်နေ့ မနက် ၁၀ နာရီ ခွဲလောက်က မြန်မာ့တပ်မတော်က ရဲဘော်တစ်ဦးက ရေမဆေးကျော်ရှာဖွေသူတဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဘယ်ဘက်ရင်အုံမှာ ကျည်ထိမှန်ပြီ သေဆုံးသွားခဲ့တာကို မကျေနပ်လို့ ရေမဆေးကျောက် ရှာဖွေသူတွေက အလောင်းသယ်ဆန္ဒပြခဲ့ကြတာပါ။

လုံးခင်းမြို့ခံတဦးက “ဖြစ်တဲ့နေရာကနေ အလောင်းထမ်းပြီး လာကြတာ၊ လုံးခင်းရောက်တော့ သူတို့က စစ်ခွေး အလိုမရှိလို့ အော်ကြတယ်၊ လူက ၂၀၀ ကျော်လောက် ရှိမယ်။ ဆိုင်ကယ်တွေနဲ့ကော ဘာကော၊ ကုဋေကနေ မှော်စီစာ နောက်လုံးခင်း ပြီးတော့ ဆေးရုံဘက်က ပြန်လှည့်သွားကြတာ” လို့ ပြောပါတယ်။

ဒီဖြစ်စဉ်ကို မကျေနပ်လိုတဲ့ ရေမဆေးကျောက် ရှာဖွေတဲ့သူတွေက ကုမ္ပဏီက မြေသယ်ယာဉ် နှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကတော့ ဒီဇင်ဘာ ၃ ရက် မနက်ပိုင်းမှာ  ကေအိုင်အေတပ်ဖွဲ့က ကုမ္ပဏီတခုကို ၀င်စီးထားတယ်ကြားလို့ နယ်မြေရှင်းဖို့ သွားတယ်၊ ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာရှိ လင်းလက်ဝင်း ကုမ္ပဏီလုပ်ကွက်ကို တပ်စစ်ကြောင်းရောက်တော့ ရေမဆေးကျောက်ရှာဖွေသူ အင်အား ၁၀၀ ဦးလောက်က ခဲတွေနဲ့ ပစ်ပေါက်ခဲ့တာကို စစ်သည်တဦးက ခြောက်လှန့်ပစ်ခတ်လို့ လူတဦး သေဆုံးတယ်လို့ ဒီနေ့ပဲ သတင်းထုတ်ပါတယ်။

ကျည်ထိမှန်သေဆုံးမှုနှင့်ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်စေဖို့ စုံစမ်းစစ်ဆေးဆောင်ရွက်သွားမယ်လို့လည်း စစ်တပ်သတင်းမှာ ဖော်ပြထားပါတယ်။

သေဆုံးသွားတဲ့ ရေမဆေးကျောက်ရှာဖွေသူဟာ ရေနံချောင်းမြို့နယ် သပြေစမ်းကျေးရွာကနေ လာရောက် ကျောက်ရှာတဲ့ ကိုသိန်းစိုးဖြစ်တယ်လို့ သိရပါတယ်။
ရုပ်သံ- ဇော်မိုးထက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013